Pages

Sunday, February 1, 2015

My way to blog in Unicode

website မှာ ယူနီကုဒ်ဖောင့် ထည့်ချင်ရင် .. မြန်မာယူနီကုဒ် built in မပါသေးတဲ့စက်တွေကနေ ကြည့်လို့ရစေချင်ရင် .. http://mmwebfonts.comquas.com/ မှာ ပေးထားတာတွေကို သုံးလို့ရပါတယ်။
For new bloggers - blogspot.com template ထဲမှာ ဘယ်လိုသွားထည့်လဲ ရေးကြည့်ပါဦးမယ်။

 MMWebFonts ကနေ သုံးချင်တဲ့ဖောင့်တစ်မျိုး ရွေးလိုက်ရင် သုံးရမယ့် ကုဒ်လေးတွေ ထွက်လာပါတယ်။ example - Myanmar3 ကို သုံးပါတယ်။ သူ့မှာပြထားတဲ့ထဲက ကြိုက်တဲ့ ယူနီကုဒ်ဖောင့်ကို သုံးနိုင်ပါတယ်။ တချို့ဖောင့်တွေက လူသုံးများပေမဲ့ ယူနီကုဒ်စံကို လိုက်နာမထားပါဘူး။ သူ့မှာပြထားတဲ့ထဲက ယူနီကုဒ်စံ လိုက်နာတဲ့ ဖောင့်တွေပါ။
Myanmar3 (Myanmar NLP)
MyMyanmar Universal Font (MyMyanmar)
Masterpiece Uni Sans (Masterpiece Uni Sans)
Yunghkio (Sai Di)
Padauk (thanlwinsoft)
Mon3 Anonta 1 (mon2uni)
Ours-Unicode (Shan Font)

စစချင်း CSS ကနေ import လုပ်ပါမယ် ... MMWebFonts ကနေ ဖောင့်တစ်ခုကိုရွေးပါ..
သက်ဆိုင်ရာ ကုဒ်တွေ ပေါ်လာမယ်။
 
 




@import ခလုတ်နှိပ်လိုက်ရင် ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး

Blogger ရဲ့ Template ကိုသွား > Customize ကို နှိပ်ပါ Advanced ဆိုတဲ့ မီနူးကနေ CSS ကို ထပ်ရွေးပါ ..
 





ပေါ်လာတဲ့ အကွက်လေးထဲ စောစောက ကူးလာတာ ထည့်ပါ။ Apply to Blog လုပ်ပါ။


ပြီးရင် MMWebFonts ကို ပြန်သွား Standard ခလုတ်ကို နှိပ်ပါ ။



 

  ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး Blogger ရဲ့ Template ကိုသွား Edit HTML ကို နှိပ်ပါ။










 ပြီးရင် head လေးရဲ့ အပေါ်မှာ ကူးထည့်လိုက်ပါ။
 အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။


 b:skin ကို လိုက်ရှာပြီး သူ့ဘေးက မြားလေးကို နှိပ်လိုက်ရင် /* Variable definitions ဆိုတဲ့အပိုင်းကို မြင်ရပါမယ်။

 Control F (Mac မှာဆို Command F) ကို နှိပ် - font လို့ ရိုက်ထည့်လိုက်ပါ။
Default font နေရာတွေကို လိုက်ရှာပြီး ကိုယ်သုံးချင်တဲ့ဖောင့် (ဥပမာ - Myanmar3) ကို သွားထည့်လို့ရပါတယ်။



 ပြီးရင် CSS ကနေပဲ ဆက်ပြင်ပါမယ်။ MMWebFonts ထဲမှာ Font Family လို့ ပြထားတဲ့အောက်က ကုဒ်လေးကို ကူးယူပါ။

/* Content ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ဘလော့ရဲ့ စာကိုယ်တွေ ခေါင်းစဉ်တွေ ဆိုက်ဘား (ဘေးဘက်တန်းကနေရာ) စတဲ့ တန်ဆာပလာ(Widgets) တွေမှာ ပါတဲ့ ဖောင့်ကို အမှန်မြင်ရအောင် Font Family သွားထည့်ပေးထားပါမယ်။
 body { ရယ် .Header h1 { ရယ် စသဖြင့် font: ဆိုပြီး ဖောင့်သုံးမယ့်နေရာ လို့ ပြထားတိုင်းမှာ ဖောင့်အောက်ကနေ ဖောင့်အမျိုးအစား Font Family သွားပေးထားမယ်။



 ဖောင့်အမျိုးအစား ကြေညာဖို့ လိုတယ်ထင်တဲ့ နေရာတွေမှာ လိုက်ထည့်လိုက်တာပါ။

 အားလုံးပြီးရင် အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။

ခုလောက်ဆို အားလုံးအဆင်ပြေပြေ ဖတ်လို့ရပါပြီ။

 အရမ်းသိကျွမ်းတာတော့ မဟုတ်ပါဘူး .. ဘလော့ထဲက ယူနီကုဒ်စာကို ဘယ်စက်ကနေ ဘယ်ဘရောက်ဇာကနေ မဆို ကြည့်လို့ရအောင် ကြိုးစားထားတာပါ။

3 comments:

mabaydar said...

This is really what I am looking for... With this, I can now write blog in unicode... Then I will be one of the unicode user... :D
I am gonna try this... Hope it works for me.

mabaydar said...

ယူနီကုဒ်နဲ့ ရေးလို့ရဘီ... နောက်ပိုစ့်ကို ယူနီကုဒ်နဲ့ရေးကြည့်မှ

mabaydar said...

ခု ပိုစ့်တွေကတော့ ယူနီကုဒ်နဲ့ မြင်ရပါတယ်။
အရင်က ဇော်ဂျီနဲ့ရေးခဲ့တာတွေလဲ အကောင်းတိုင်းမြင်ရပါတယ်။

ဒါပေမဲ့ အရင်က ဇော်ဂျီရဲ့ post header တွေကျတော့ ဇော်ဂျီအမှန်တိုင်းမမြင်ရတော့ဘူး။
အဲ့ဒါ ဘယ်နားသွားပြင်ရမလဲ အဆင်ပြေရင် ပြောပြပါအုံး။

ပြီးတော့ ကွန်မန့်တွေကျတော့ ယူနီကုဒ်မမြင်ရဘူး။

နောက်တစ်ခုက မိုဘိုင်း site မှာလဲ ယူနီကုဒ်အမှန်မပေါ်ဘူး။ ဇော်ဂျီပဲ အမှန်ပေါ်တယ်။