Pages

Sunday, August 31, 2014

23

သားအမိနှစ်ယောက် မိုင်လီဆိုင်ရပ်စ် ရဲ့ ၂၃ သီချင်းကို နားထောင်ဖြစ်ခဲ့တယ်။ သီချင်းစာသားတွေဘာတွေ သမီးလေး နားမလည်သေးပါဘူး။ ဘောလုံးလေး လိမ့်လာတာရယ် သံစဉ်လေးမြူးတာရယ်ကို သဘောကျတာပဲ နေမှာပါ။ ကျောင်းသားလေးတွေ ကျောင်းအုပ်ရုံးခန်းထဲဝင်ပြီး သီချင်းလွှင့်တာ ရယ်စရာကောင်းတယ်။ သမီးဖိနပ်အရွယ် နံပါတ် ၂၃ ဖြစ်လာပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က ဖိနပ်စဝယ်ဖြစ်တာ နံပါတ် ၂၁။ ပထမဆုံးဝယ်တဲ့ အဝတ်ဖိနပ်လေးကတော့ ပစ်လိုက်ရပြီ။ ကောင်းကောင်းမွန်မွန် သွားနိုင်လာနိုင် ပြေးနိုင်လွှားနိုင်ပါပဲ။ အဝတ်ဖိနပ်ကနေ နံပါတ် ၂၁ ကို စစီးကတည်းက အသံမြည်တာကလွဲလို့ ကလေးနဲ့ဖိနပ်နဲ့ အဆင်ပြေပါတယ်။ အသံမြည်တာကိုတော့ လေထွက်ပေါက်မှာ ကော်နည်းနည်းထည့်ပိတ်ပေးထားတယ်။ အသံလုံးဝပိတ်မသွားပေမဲ့ သူကျေနပ်လောက်အောင် အသံတိုးသွားတယ်။ အသံလေးကြားနေရတော့လည်း သူဘယ်နားလျှောက်သွားသလဲ မှန်းသိရတာပေါ့။ ဖိနပ်နဲ့ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီ။ ဖိနပ်ဝယ်ရတာ တန်ပါတယ်။