Monday, July 4, 2016
နှင်းပန်းလေးနဲ့ ယပ်တောင်လေး တွေ
အဲ့သည်စာအုပ်ထဲကနေ ခြေသေးဖြစ်အောင် အချိုးခံရတဲ့ တရုတ်မိန်းကလေးတွေအကြောင်းကို ပြန်ပြန်တွေးမိတယ်။ စိတ်မကောင်းဘူး။ ဆွန်ယက်ဆင်ရဲ့ ပထမမိန်းမဟာ အဲ့လို ခြေသေးချိုးခံခဲ့ရသူပေါ့။ တရုတ်တွေဟာ မိန်းကလေးဆို အင်မတန် ဖိနှိပ်ထားဖို့ ကြိုးစားခဲ့ကြတာပဲ။ ဘယ်လို ရွှေဉာဏ်တော်စူးရောက်ပြီး ကလေးလေးတွေကို လုပ်ကြသလဲ စဉ်းစားလို့ မရဘူး။
သမီးမိန်းကလေးမွေးတဲ့အခါ ခြေသေးချိုးပေးရမှာစိုးလို့ ပြည်မထဲ အဲ့လို အသိုင်းအဝိုင်းထဲမှာ မနေတော့ဘဲနဲ့ တခြားအရပ်ကို ထွက်လာကြတဲ့ တရုတ်တွေ ဟိုရှေးကတည်းက ရှိခဲ့ကြမယ်နဲ့ တူပါရဲ့။
မြန်မာစာ မြန်မာဘာသာစကားမှာ မိန်းမတွေ အထူးသဖြင့် မိခင်တွေရဲ့ အရေးပါမှုကို ဘာသာစကား ပေါ်ပေါက်စပြုကတည်းက အသိအမှတ်ပြုထားပုံလေးတွေ တွေ့ရတယ်။ မိသားစု ဆိုတဲ့ စကားလုံးထဲမှာကိုက အားလုံးကို အုပ်ထိန်းရတဲ့ အမိ (အမေ) ကို ရှေ့မှာထားပြီး ခေါ်ကြတယ်။ ပြီးတော့ လမ်းတွေထဲမှာ အကြီးဆုံးဆို လမ်းမ၊ ဓားတွေထဲမှာ အကြီးဆုံးဆို ဓားမ ဆိုတဲ့သဘောမျိုး သုံးနှုန်းကြပါတယ်။ အကြီးဆုံးမြစ်ကို မြစ်မကြီး လို့ ခေါ်တတ်ကြတယ်။ အခြားအခြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ရောယှက်လာပြီး နောက်မှသာ အမျိုးသမီးတွေ အိမ်မှာပဲ မြဲမြံပိပြားနေရမယ် ဆိုတာမျိုး ဖြစ်လာဟန်တူပါရဲ့။ (ဒါက ကိုယ့်အတွေးသက်သက်ပါ) မူရင်း ဘာသာစကားထဲ ပါဝင်နေတဲ့ ပိုမိုကြီးမားပြီး အခရာကျတဲ့အရာကို မ တပ်ခေါ်တဲ့ သဘာဝကိုတော့ ဖျောက်လို့ရဟန်မတူပါဘူး။
မြန်မာစကားထဲမှာ ယောက်ျားဘက်ကပြောရင် သားမယား လို့ ပြောတယ်။ ကလေး ပြီးမှ မိန်းမ ပေါ့။ မိန်းမဘက်ကပြောရင် လင်သား လို့ ပြောတယ်။ လင်ယောက်ျား ပြီးမှ သား (ကလေးတွေပေါ့) ။ ကလေးတွေကတော့ မိဘ လို့ ပြောတယ်။ အမိ ပြီးမှ အဘ၊ အမေ ပြီးမှ အဖေ။ ဒါပေမဲ့ သားသမီးကျတော့ သားက ရှေ့ရောက်နေတယ်။ အစတုန်းက ကျားဖြစ်ဖြစ် မဖြစ်ဖြစ် သားမွေးတယ်ပဲ ပြောခဲ့ကြပုံ ရပါတယ်။ ဘာသာစကားထဲမှာ အဲ့လိုဆက်နွယ်မှုလေးတွေကို သတိထားမိတာနဲ့ ပြန်ပြောပြတာပါ။
Thursday, June 23, 2016
ခရုလေးနဲ့ နှင်းဆီပင်
ခရုလေးနဲ့ နှင်းဆီပင်
ကြည်လင်သာယာတဲ့ နွေဦးရာသီအရောက်၊ ပန်းခြံလေးတစ်ခုရဲ့ ပတ်လည်မှာ အရွက်ထူထူ၊ အခွံမာသီးတွေရှိတဲ့ ဟေဇယ်ချုံတွေနဲ့ ကာရံထားတယ်။ ချုံပင်တန်းပေါ်ကနေ ကျော်ကြည့်လိုက်ရင် သိုးတွေနွားတွေ လာစားတတ်တဲ့ စားကျက်ကွင်းပြင်ကြီး ရှိပြီး ပန်းခြံလေးရဲ့ အလယ်တည့်တည့်မှာ ပန်းပွင့်နီနီလေးတွေ ပွင့်တဲ့ နှင်းဆီပင်လေးတစ်ပင် ရှိနေတယ်။ နှင်းဆီပင်လေးရဲ့ အောက်မှာ သူ့အခွံထဲသူ ကြီးကျယ်နေတဲ့ ခရုလေးတစ်ကောင်လည်း ရောက်နေတယ်။ "တစ်ချိန်မှာ သိမှာပေါ့။ ငါက နှင်းဆီပင်လို ပန်းတွေပွင့်တာထက်၊ ဟေဇယ်ပင်လို အခွံမာသီးတွေ သီးတာထက် သိုးဆိတ်နွားတွေလို စားသောက်စရာထုတ်ပေးတာထက် ပိုသာတာတစ်ခုခု လုပ်မယ့်သူကွ။" ခရုလေးက ပြောလိုက်တဲ့အခါ နှင်းဆီပင်က မေးတယ်။ "ကျွန်မရှင့်ကို အထင်မသေးရဲပါဘူး။ ဘာတွေလုပ်မှာလဲ ဆိုတာကိုတော့ ပြောပြပါဦးလား။" "ကျုပ် အချိန်ပေး စဉ်းစားရမယ်။ မင်းလို အလောတကြီး ထ,ထ,ပြီး ပန်းပွင့်တဲ့ကောင် မဟုတ်ဘူး။ စောင့်မျှော်စရာမရှိရင် ရင်ခုန်စရာ သိပ်မကောင်းဘူးလေ။" ခရုလေးက မြန်မြန်ပြန်ဖြေပြီး သူ့အခွံလေးထဲ ပြန်ဝင်သွားတယ်။ နောက်တစ်နှစ် ဒီလိုအချိန်မှာလည်း ခရုလေး နှင်းဆီပင်အောက်ကို ရောက်နေပြန်တယ်။ နွေးထွေးတဲ့ နေရောင်အောက်မှာ နှင်းဆီပင်ဟာ မနှစ်ကလိုပဲ လှလှပပ ဖူးပွင့်နေပြန်တယ်။ ခရုလေးက အခွံထဲကနေ ကိုယ်တစ်ပိုင်းထုတ်၊ ဦးချိုလေးဖြန့်လို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ပြီး ပြန်ငြိမ်နေလိုက်တယ်။ "မထူးခြားပါလား။ အကုန်လုံး မနှစ်ကလိုပဲ။ ဘာမှတိုးတက်မလာဘူး။ နှင်းဆီပင်လည်း ဒီအရောင်နဲ့ ဒီပန်းပဲ ပွင့်တယ်။ ဒီထက်မပိုတော့ဘူး။" ဒီလိုနဲ့ နွေကုန်တော့ သစ်ရွက်တွေကြွေတယ်။ လေတွေတိုက်တယ်။ မိုးရွာတယ်။ ဆောင်းဦးရာသီကနေ ဆောင်းရာသီရောက်လို့ ရာသီဥတုဟာ ကြမ်းတမ်းပြီး အေးစက်စိုထိုင်းလာတယ်။ ဆီးနှင်းတွေ မဖုံးခင်အထိ နှင်းဆီပင်ဟာ ဝေနေအောင် ပွင့်လိုက်ပါသေးတယ်။ ဆီးနှင်းတွေကြောင့် နှင်းဆီပင် ငိုက်ကျသွားတဲ့အခါ ခရုလေး မြေထဲကို တိုးဝင်ပြီး ဝပ်နေတာကို မြင်လိုက်တယ်။ နှင်းတွေအရည်ပျော်ပြီး နောက်နှစ်သစ်ရောက်တဲ့အခါ သူတို့တွေ ဆုံကြပြန်တယ်။ "မင်းတောင် နှင်းဆီပင်အိုကြီး ဖြစ်နေပြီပဲ။ မင်းမသေချင်လည်း သေရတော့မယ်။ မင်းက လောကကြီးအတွက် အင်အားရှိသမျှတော့ အစွမ်းကုန် ဖူးပွင့်ခဲ့ပါရဲ့။ အရေးကြီးတာတစ်ခုတော့ ငါ့ဘာသာတွေးဖို့ အချိန်မရလို့ မင်းကိုမေးချင်တယ်။ ဒီလို သူများအတွက် ပန်းတွေ ပွင့်ပေးခဲ့ပေမဲ့ ကိုယ့်ဘာသာကိုယ် တိုးတက်ဖို့ကျ မင်းမကြိုးစားခဲ့ဘူး မဟုတ်လား။ ပန်းတစ်မျိုးတည်း ပွင့်တာကလွဲလို့ တခြားဘာမှလည်း ပိုမတတ်လာဘူး။ ငါပြောတာ မှားလား။ မင်းက ဒီလိုနေရင်းနဲ့ သစ်ကိုင်းခြောက် ဖြစ်တော့မှာ။ နားလည်ရဲ့လား။" "ရှင်ပြောမှ ကျွန်မကြောက်လာပြီ။ ကျွန်မ တစ်ခါမှ အဲ့လို မတွေးဖူးပါဘူး။" "ဘယ်တွေးမိမလဲ။ မင်းက တွေးဖို့ကြောက်တာကိုး။ မင်းစဉ်းစားသင့်တာက ဘာလို့ ပန်းတွေပွင့်ရလဲ။ ပန်းတွေ ဘယ်လိုပွင့်နေလဲ။ ဘာလို့ ဒီလိုပဲ ပွင့်ပြီး နောက်တစ်မျိုး မပွင့်နိုင်တာလဲ။ အဲ့လိုပေါ့ကွာ" နှင်းဆီပင်က ပြန်ရှင်းပြတယ်။ "ကျွန်မကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ပန်းတွေပွင့်ပေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီတစ်မျိုးပဲ လုပ်နိုင်လို့ပါ။ နေရောင်ခြည်လင်းရင် နွေးတယ်။ လေပြေတိုက်ရင် လန်းဆန်းတယ်။ နှင်းရည်ကြည်လေးတွေ သောက်တယ်။ မိုးရေချိုးတယ်။ ကျွန်မဒီလိုပဲ အသက်ရှူပြီး ရှင်သန်ပါတယ်။ မြေကြီးထဲကနေ အာဟာရတွေ စားသုံးရတယ်။ ကောင်းကင်ပေါ်ကနေ အလင်းရောင်အားကိုလည်း ရတယ်။ ကျွန်မခံစားရသလောက်နဲ့ အမြဲတမ်း ကြည်နူးပြီး အမြဲတမ်း ပျော်ရွှင်နေမိတယ်။ အဲဒါကြောင့်လည်း ပန်းတွေပွင့်နိုင်တယ်။ ကျွန်မဘဝမှာ တတ်နိုင်တာ ဒီလောက်ပါပဲ။" "မင်းဘဝက မလေးနက်သလိုပဲ" ခရုက အားမလိုအားမရ မှတ်ချက်ချတယ်။ နှင်းဆီပင်က သိပ်မငြင်းတတ်ဘူး။ "ဟုတ်တယ်။ အားလုံးကို ကျွန်မ အဆင်သင့်ရနေတယ်လေ။ ဒါပေမဲ့ ရှင့်မှာဆို ပိုသာတာပေါ့။ ရှင်က လေးလေးနက်နက်တွေ စဉ်းစားတတ်တယ်။ ဉာဏ်ရှိတယ်ဆိုတော့ တစ်လောကလုံးအတွက် အတွေးအခေါ်တွေ ဖော်ထုတ်ပေးနိုင်မှာပေါ့။" "ငါတော့ မလုပ်ချင်ပါဘူး။ တစ်လောကလုံးနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး။ ဘာတွေသွားလုပ်ပေးရမှာလဲ။ ကိုယ့်ဘာသာနဲ့ကိုယ်တောင် ကိုယ့်အခွံထဲမှာ ပြည့်ကျပ်နေတာ။" "ဒါပေမဲ့ ဒီလောကြီးထဲမှာနေတာ၊ ကျွန်မတို့အားလုံးက လောကြီးကို ကိုယ့်ဆီက အကောင်းဆုံးတွေ ပေးဆပ်သင့်တာပဲ မဟုတ်လား။ ကျွန်မဆို ကိုယ်ပွင့်တဲ့ နှင်းဆီပန်းပဲ ပေးဆပ်နိုင်တယ်။ ရှင်ကျတော့ ဒီလောက်အများကြီး တွေးခေါ်နိုင်တာပဲ။ တစ်ခုခု ပေးဆပ်ရမယ်ဆို လောကကြီးကို ရှင်ဘာပေးမလဲ။" "လောကကြီးက ကျုပ်ကို ဘာများပေးလို့ ကျုပ်က ပြန်ပေးဆပ်ရမှာလဲ။ အလကားတွေပါ၊ လောကကြီး ပိုစိုပြေအောင် တံတွေးပဲ ထွေးပေးလိုက်မယ်။ ကျုပ် အရေးမစိုက်ချင်ဘူး။ မင်းကဟုတ်တယ်၊ တခြားဘာမှ မလုပ်နိုင်လို့ ပန်းပဲပွင့်တာ။ ဟို ဟေဇယ်ပင်လည်း အသီးတွေသီးပေါ့။ သိုးတွေနွားတွေလည်း နို့တွေ သားရေတွေ ပေးပေါ့။ သူတို့သဘောနဲ့ သူတို့၊ ကျုပ်လည်း ကိုယ့်သဘောနဲ့ ကိုယ်ပဲ။ ကိုယ့်အခွံထဲ ကိုယ်နေတာ။ လောကကြီးထဲ မနေဘူး။" ပြောရင်းဆိုရင်းနဲ့ ခရုက သူ့အခွံထဲကို ခေါင်းပါသွင်းပြီး အိပ်နေလိုက်တယ်။ "ဝမ်းနည်းစရာပဲ။ ငါ့မှာဆို သူ့လို ဝင်ခွေအိပ်စရာ အခွံမရှိဘူး။ ဒီတော့ ပန်းတွေပဲ ဆက်ပွင့်ရဦးမှာပေါ့လေ။ ပွင့်ဖတ်တွေ ကြွေရင်လည်း လေထဲလွင့်ကုန်ဦးမှာပဲပေါ့။" နှင်းဆီပင်ဟာ သူ့အကြောင်းသူ တွေးကြည့်တယ်။ အမျိုးသမီးတစ်ယောက်ဟာ နှင်းဆီတစ်ပွင့်ကို ဓမ္မတေးစာအုပ်ထဲမှာ အမှတ်တရ ညှပ်သိမ်းထားတာ တွေ့ဖူးတယ်။ မိန်းမပျိုလေးတစ်ယောက် သူ့နှင်းဆီပွင့်ကို ရန်ဘတ်မှာထိုးထားတာ တွေ့လိုက်တယ်။ ကောင်မလေးတစ်ယောက် နှင်းဆီပွင့်လေးကို နမ်းရှိုက်ရင်း ကြည်နူးနေတာ မြင်ဖူးတယ်။ ဘဝမှာ ဒါတွေဟာ အမှတ်ရစရာတွေပါပဲ။ ဒါလောက်နဲ့ပဲ နှင်းဆီပင် စိတ်ချမ်းသာနိုင်ပါပြီ။ နှင်းဆီပင်ဟာ ဘယ်လိုမှ စိတ်ထဲမထားဘဲ အချိန်မှန်မှန် ပန်းတွေဆက်ပွင့်တယ်။ ခရုလေးကတော့ အခွံထဲဝပ်နေရင်း လောကကြီးနဲ့ ဘာမှမဆိုင်သလို ခပ်တည်တည် ဆက်နေတယ်။ ဒီလိုနဲ့ နှစ်တွေအများကြီး ကုန်လွန်လာတယ်။ ခရုလေးဟာ မြေကြီးပေါ်နေရင်းက မြေကြီးထဲရောက်ပြီး မြေကြီးပြန်ဖြစ်နေပြီ။ နှင်းဆီပင်လည်း အိုမင်းသေဆုံးပြီး မြေကြီးထဲ ရောက်နေပါပြီ။ အမြတ်တနိုးသိမ်းထားတဲ့ ဓမ္မတေးစာအုပ်ထဲက အမှတ်တရနှင်းဆီပန်းလေးတောင် အရောင်အဆင်း မရှိတော့ဘူး။ ဒါပေမဲ့ ပန်းခြံလေးထဲမှာတော့ တခြားနှင်းဆီပင်တွေ တခြားခရုလေးတွေ ဆက်ပြီးရှိနေကြတုန်းပါပဲ။ နှင်းဆီပင်တွေ ပန်းပွင့်နေချိန်မှာ ခရုလေးတွေက လောကကြီးကို အရေးမစိုက်ဟန်နဲ့ မြေပေါ်ကို တံတွေးထွေးကြတယ်။ ဒီလိုနဲ့ ပုံပြင်လေးဟာ အစကနေ ပြန်စပြီး တစ်ပတ်ပြန်လည်တယ်။ နှင်းဆီပင်တွေရယ်၊ ခရုတွေရယ် ရှိတဲ့ ပန်းခြံထဲက တစ်နေရာမှာ နှင်းဆီတစ်ပင်နဲ့ ခရုတစ်ကောင်ဟာ လေးလေးနက်နက် အကြောင်းအရာတွေ ဆွေးနွေးချင် ဆွေးနွေးနေလိမ့်မယ်။ ပန်းပွင့်ဖို့ တတ်နိုင်တဲ့သူက ပန်းတွေဆက်ပွင့်ပေးနေသလို၊ ညစ်ပတ်အောင် လုပ်တဲ့သူက လုပ်နေဦးမှာပါပဲ။
မူရင်း Hans Anderson ၏ The Snail and the Rose Tree ပုံပြင်ကို မရွှန်းမီ မြန်မာလို ပြန်ရေးပါသည်။
ထို့နောက် ဆက်ရေးပါသည်။
- - - - -
နောက်ဆက်တွဲ
တစ်နေ့တော့ အဲ့ဒီပန်းခြံထဲကို ဗမာမလေးတစ်ယောက် ရောက်သွားတယ်။ သူမဟာ ခရုလေးတစ်ကောင်လိုပဲ နှေးတုံ့နှေးတုံ့နဲ့မို့ သူမကိုယ်သူမ စိတ်ပျက်နေတာပေါ့။ အဲဒါကိုသိတဲ့ ခရုလေးတစ်ကောင်ဟာ ကောင်မလေး အားမငယ်ရအောင် တရွေ့ရွေ့သွားတဲ့ သူ့ကိုယ်ခန္ဓာလေးနဲ့ ခြံစည်းရိုးတိုင်ပေါ်ကို တက်ပြတယ်။ နှေးကွေးတဲ့ မိန်းကလေး မပုကြွယ်ဟာ ခရုသေးသေးလေး ခြံစည်းရိုးပေါ် ကြိုးစားတက်နေတာကို ကြည့်ရင်း လေးစားအားကျပြီး အတုယူလိုက်သတဲ့။ အဲသည်ကစပြီး "မပုကြွယ်နဲ့ ခရုငယ်" ဆိုတဲ့ သင်ခန်းစာပုံပြင်လေးတစ်ခုပါ ခရုအသိုင်းအဝိုင်းမှာ ကျန်ရစ်တယ်။ အဲ့သည်ခရုလေးဟာ ပန်းပွင့်တာထက်၊ အသီးသီးတာထက်၊ စားသောက်စရာပေးတာထက် ပိုသာအောင် လုပ်ပြမယ်လို့ ကြွေးကြော်ခဲ့တဲ့ ခရုလေးရဲ့ မြေးမြစ်တွေထဲက တစ်ကောင်ပေါ့ကွယ်။ ပေးလိုက်တဲ့ သင်ခန်းစာလေး တစ်ခုနဲ့တင် စာတင်ခံရလောက်အောင် ကြီးကျယ်သွားတာပါပဲ။ ကျန်တဲ့ခရုတွေကတော့ ထုံးစံအတိုင်းပေါ့ကွယ်။
Sunday, February 21, 2016
ဖူးပွင့်ငုံဝေစီ
ငြိမ်းချမ်းရေးဟာ နှင်းဆီဖြစ်တယ်။
ဆုပ်လည်းစူး
စားလည်းမထူး
ရနံ့တော့ မွှေးတယ်။
နှင်းဆီရနံ့ပါရင် ဗလာတွေလည်း ဈေးကောင်းရတယ်
နှင်းဆီပွင့်ဖတ်တွေ ခြွေခူး
နှင်းဆီပန်းခြောက်တွေ ရေနှူး
သေမထူးနေမထူး နှင်းဆီ။
နှင်းဆီနဲ့ ဆိုင်တာ ဘာမဆို ဈေးကောင်းတော့
လက်ကောင်းလို့ ဆူးတောင်းကြတာပေါ့။
လေယူရာသွေး မွှေးပါသည်
လေယူရာတိမ်း ယိမ်းပါသည်။
အရိုင်းဆန်ဆန် မှော်ဆန်ဆန် ယုံတမ်းများစွာထဲ ရဲရင့်ခဲ့ရ
မြိုင်ဟေမာတွင်း သီချင်းထဲမှာ လိပ်စာမှားပေးတဲ့ နှင်းဆီ
တကယ်က ဥယျာဉ်တွင်းမှာ သေချာပျိုးမှ လှတဲ့နှင်းဆီ
ပျိုးဥယျာဉ်မှာ မြေဆီကောင်းကျွေး ပိုးလိုမွေးရတဲ့ နှင်းဆီ။
သုန်လေညွတ်တော့ ဆွတ်ဖို့ရည်
မှုန်ရွှေဝတ်နဲ့ သင်းပျံ့မွှေးကြည်
ကိုကို ချူရဲရင် ချူလှည့်အတည်
ခင်ခင်ပျိုမဒီ နှင်းဆီခက်ကို လက်လှမ်းကာယူမည်။
//Feb 21, 2016
//ရွှန်းမီ
// lyric credit - မူရင်းအငြိမ့်သီချင်း ရွှေရွှေနှင်းဆီ
Wednesday, February 17, 2016
ပန်းပိတောက်ကို ချစ်တယ်
Thursday, January 7, 2016
Here's to the Independence!
လွတ်လပ်ခြင်း ဆိုတာ လူ့ပြည်မှာ တကယ်ရှိလို့လား ဆိုတဲ့သဘောမျိုး ဆရာမင်းလူ တစ်နေရာမှာ ပြောသွားတာကို အမှတ်ရပါတယ်။ ကိုယ်တွေနားလည်ထားတဲ့ လွတ်လပ်မှု၊ လွတ်လပ်ခြင်း၊ လွတ်လပ်ရေး ဆိုတာ ဘယ်လိုဖြစ်မလဲ။ ကိုယ်နားလည်သဘောပေါက်သလို ရေးလိုက်ပါတယ်။
လွတ်လပ်ရေး ဆိုတာ ကိုယ့်ကြိုးစားမှု အသီးအပွင့်ကို ကိုယ်တိုင် ထိုက်ထိုက်တန်တန် စားသုံးခွင့် စီမံခွင့်၊ ကိုယ့်နှင့်ဆိုင်ရာကိစ္စတိုင်းမှာ တရားမျှတစွာ ရပ်တည်နိုင်ခွင့် လို့ ယူဆပါတယ်။ ကိုယ်နဲ့စိတ်နဲ့လွတ်ပြီး ရူးသွားတာမျိုးကို လွတ်လပ်ခြင်း မခေါ်ပါဘူး။ ကိုယ်ရောစိတ်ပါ လုပ်စရာအလုပ်မရှိ လွတ်နေတာကို တာဝန်ယူစရာဘာမှမရှိတာကို လွတ်လပ်နေတယ် လို့ မခေါ်နိုင်ပါဘူး။ တစ်ချိန်မှာ မလွှဲမရှောင်သာ ယူစရာတာဝန် ရှိလာတဲ့အခါ ယူနိုင်တဲ့အခြေအနေ ရှိမနေသရွေ့ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဘဝလမ်းကိုယ် မလျှောက်နိုင်သရွေ့ လွတ်လပ်တယ် လို့ မခေါ်နိုင်ပါဘူး။
ကိုယ့်နုိင်ငံမှာ သယံဇာတတွေအပြင် ကိုယ့်နုိင်ငံသားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ကုန်စည်တွေဟာ သူတစ်ပါးအတွက် ဖြစ်ခဲ့ဖူးတယ်။ သူများမျက်နှာမော်ဖူးမှ အရိုးအရင်းပြန်ရတဲ့ဘဝ ရောက်ခဲ့ရဖူးတယ်။ ဆိုတော့ လွတ်လပ်ချင်လွန်းလို့၊ သည်မြေမှာ ပေါက်ဖွားတဲ့သူတွေဘဝ သူများအောက်မကျဘဲ တိုးတက်စေချင်လို့ လွတ်လပ်ပါစေ ဆိုပြီး တိုက်ယူခဲ့ကြတယ်။
လွတ်လပ်တယ် ဆိုတိုင်း အချို့အချို့သော ပိုမိုလွတ်လပ်နေသူများလို သူများတကာကို ဂရုမစိုက်ချင်တိုင်း မိုက်ရိုင်းလို့ရတာကိုလည်း မဆိုလိုပြန်ဘူး။ လွတ်လပ်ခြင်း ဆိုတာမှာ တရားမျှတမှုနဲ့ အတိုင်းအဆရှိရတယ်။ ကိုယ့်ရပ်တည်မှုဟာ သူများရပ်တည်မှုအပေါ် အနှောက်ပယောဂ ဖြစ်မဖြစ်၊ တရားနည်းလမ်း ကျမကျ ကိုယ့်ဘာသာလည်း ဝေဖန်နိုင်ရမယ်။ ဉာဏ်နဲ့ယှဉ်ပြီး သင့်တော်တဲ့ရွေးချယ်မှု ပြုနိုင်ရမယ်။
ကိုယ့်ဘဝကိုယ် ကိုယ့်ပတ်ဝန်းကျင်ကိုယ် မြှင့်တင်ပေးနိုင်မှု၊ ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်နိုင်မှု၊ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူနိုင်မှု၊ စတဲ့ ဉာဏ်နဲ့ယှဉ်သော လွတ်လပ်ရေးမျိုးကို လိုချင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ အရာရာ နောက်ကောက်ကျရတာကို ရှေ့တွန်းတင်ချင်လွန်းလို့၊ တိုးတက်ဖို့ ကြိုးစားရာမှု ချုပ်ချယ်ခံခဲ့ကြရလွန်းလို့ လွတ်လပ်ရေး ဆိုတာကို တခုတ်တရ မရအရ ယူလာခဲ့ကြတယ်။ ဆိုတော့ သူတစ်ပါး ပယောဂ ပါပါမပါပါ ကိုယ့်ဘာသာ နောက်ကျကျန်နေရင်လည်း ကိုယ့်လွတ်လပ်ရေးဆိုတာကြီး ဘယ်သူ့ဆီရောက်မှန်းမသိ ဖြစ်တော့မယ်။ စိတ်ကိုအလိုလိုက် လွှတ်ချထားခြင်းကို လွတ်လပ်ခြင်း လို့ မယူဆမိဖို့ လိုမယ်။ လွတ်လပ်ချင်တဲ့သူတွေဟာ ကြိုးစားရပါတယ်။
Jan 04, 2016
သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း

သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း
Thursday, September 24, 2015
Smokey smokey night
Tuesday, March 10, 2015
Playing well
Friday, March 6, 2015
Blue pants
Friday, February 20, 2015
Eyeliner, etc
Wednesday, February 18, 2015
Happy CNY Goat new year
The zodiac character is same as my dear hubby. He is an earth goat.
I just read all good things about boat year borns from this http://www.chinahighlights.com/travelguide/chinese-zodiac/goat.asp website.
Every human being born into this world has good characters and fortune really.
I used to read too much in zodiac traits and believed whatever were said. It was a fun and silly experience using numbers and calendars in judging one's life. I used to do this back in the funny days. I feel so matured now.
It is still a long way to come around my zodiac year, Ox. However, time keeps moving. I should be aware that future is slowly coming into life whether I am ready or not. One can never stop the dawn of tomorrow. I must learn to move forward along.
Sunday, February 1, 2015
My way to blog in Unicode
For new bloggers - blogspot.com template ထဲမှာ ဘယ်လိုသွားထည့်လဲ ရေးကြည့်ပါဦးမယ်။
MMWebFonts ကနေ သုံးချင်တဲ့ဖောင့်တစ်မျိုး ရွေးလိုက်ရင် သုံးရမယ့် ကုဒ်လေးတွေ ထွက်လာပါတယ်။ example - Myanmar3 ကို သုံးပါတယ်။ သူ့မှာပြထားတဲ့ထဲက ကြိုက်တဲ့ ယူနီကုဒ်ဖောင့်ကို သုံးနိုင်ပါတယ်။ တချို့ဖောင့်တွေက လူသုံးများပေမဲ့ ယူနီကုဒ်စံကို လိုက်နာမထားပါဘူး။ သူ့မှာပြထားတဲ့ထဲက ယူနီကုဒ်စံ လိုက်နာတဲ့ ဖောင့်တွေပါ။
Myanmar3 (Myanmar NLP)
MyMyanmar Universal Font (MyMyanmar)
Masterpiece Uni Sans (Masterpiece Uni Sans)
Yunghkio (Sai Di)
Padauk (thanlwinsoft)
Mon3 Anonta 1 (mon2uni)
Ours-Unicode (Shan Font)
စစချင်း CSS ကနေ import လုပ်ပါမယ် ... MMWebFonts ကနေ ဖောင့်တစ်ခုကိုရွေးပါ..
သက်ဆိုင်ရာ ကုဒ်တွေ ပေါ်လာမယ်။
@import ခလုတ်နှိပ်လိုက်ရင် ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး
Blogger ရဲ့ Template ကိုသွား > Customize ကို နှိပ်ပါ Advanced ဆိုတဲ့ မီနူးကနေ CSS ကို ထပ်ရွေးပါ ..
ပေါ်လာတဲ့ အကွက်လေးထဲ စောစောက ကူးလာတာ ထည့်ပါ။ Apply to Blog လုပ်ပါ။
ပြီးရင် MMWebFonts ကို ပြန်သွား Standard ခလုတ်ကို နှိပ်ပါ ။
ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး Blogger ရဲ့ Template ကိုသွား Edit HTML ကို နှိပ်ပါ။
ပြီးရင် head လေးရဲ့ အပေါ်မှာ ကူးထည့်လိုက်ပါ။
အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။
b:skin ကို လိုက်ရှာပြီး သူ့ဘေးက မြားလေးကို နှိပ်လိုက်ရင် /* Variable definitions ဆိုတဲ့အပိုင်းကို မြင်ရပါမယ်။
Control F (Mac မှာဆို Command F) ကို နှိပ် - font လို့ ရိုက်ထည့်လိုက်ပါ။
Default font နေရာတွေကို လိုက်ရှာပြီး ကိုယ်သုံးချင်တဲ့ဖောင့် (ဥပမာ - Myanmar3) ကို သွားထည့်လို့ရပါတယ်။

ပြီးရင် CSS ကနေပဲ ဆက်ပြင်ပါမယ်။ MMWebFonts ထဲမှာ Font Family လို့ ပြထားတဲ့အောက်က ကုဒ်လေးကို ကူးယူပါ။
/* Content ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ဘလော့ရဲ့ စာကိုယ်တွေ ခေါင်းစဉ်တွေ ဆိုက်ဘား (ဘေးဘက်တန်းကနေရာ) စတဲ့ တန်ဆာပလာ(Widgets) တွေမှာ ပါတဲ့ ဖောင့်ကို အမှန်မြင်ရအောင် Font Family သွားထည့်ပေးထားပါမယ်။
body { ရယ် .Header h1 { ရယ် စသဖြင့် font: ဆိုပြီး ဖောင့်သုံးမယ့်နေရာ လို့ ပြထားတိုင်းမှာ ဖောင့်အောက်ကနေ ဖောင့်အမျိုးအစား Font Family သွားပေးထားမယ်။


ဖောင့်အမျိုးအစား ကြေညာဖို့ လိုတယ်ထင်တဲ့ နေရာတွေမှာ လိုက်ထည့်လိုက်တာပါ။
အားလုံးပြီးရင် အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။
ခုလောက်ဆို အားလုံးအဆင်ပြေပြေ ဖတ်လို့ရပါပြီ။
အရမ်းသိကျွမ်းတာတော့ မဟုတ်ပါဘူး .. ဘလော့ထဲက ယူနီကုဒ်စာကို ဘယ်စက်ကနေ ဘယ်ဘရောက်ဇာကနေ မဆို ကြည့်လို့ရအောင် ကြိုးစားထားတာပါ။
Sunday, January 25, 2015
ဓာတ်လှေကား - The Lift
Wednesday, October 8, 2014
Yoghurt & baby
Sunday, August 31, 2014
23
Wednesday, April 16, 2014
Baby shoes
ပထမခြေလှမ်းအတွက် ဖိနပ်တွေဟာ ပျော်ရွှင်ခြင်းပဲ ဖြစ်သင့်တယ်။
ခြေဖဝါးလေးတွေကို ကာကွယ်ဖို့ ဖိနပ်လိုအပ်သလို လမ်းကောင်းကောင်း လျှောက်နိုင်ဖို့ သန်မာဖွံ့ဖြိုးတဲ့ ခြေထောက်တွေလိုတယ်။
အောင်မြင်စွာ မတ်တပ်ရပ်မယ်။ လှမ်းမယ်။ လျှောက်မယ်။ ဖိနပ်စစီးမယ်။ မပြေးနိုင်သေးခင် ခြေထောက်လေးတွေကို ကာကွယ်ဖို့လိုကြောင်း သင်ပေးရမယ်။
သန့်ရှင်းကျန်းမာတဲ့ ခြေထောက်လေးတွေဟာ လှပဖို့လည်း လိုတာပေါ့။
ဖိနပ်စီးထားရတာ ပေါ့ပါးသက်သာနေတယ်၊ စီးထားရတာကို ကျေနပ်တယ်ဆိုမှ အဲဒီဖိနပ် တကယ်လှတယ်။ သွားချင်တဲ့ခရီးကို ချောမွေ့စွာ လျှောက်လှမ်းနိုင်လိမ့်မယ်။
Thursday, February 27, 2014
Chocolate
တခါတလေ ကလေးက ချောကလက် ချောကလက် ဟု ပြောပြောနေတတ်သည်။ တစ်ခါ လူကိုကြည့်ပြီး ဟေး ချောကလက် ဟု ဆိုသည်။ ဘာလို့ ခေါ်မှန်း မသိလိုက်ပါ။
ချောကလက် မကျွေးဖူးသေး၊ ကလေးငယ်သေးသည်။
ဒီနေ့ နေ့လည်ကမှ လမ်းသွားရင်း သူက တစ်နေရာကို ကြည့်ပြီး ချောကလက် ချောကလက် ဟု ပြောသည်။ ကြောင်တစ်ကောင် တွေ့ပါသည်။
ကလေးက ကြောင်ကလေး ကြောင်ကလေး ဟု ခေါ်နေတာ ဖြစ်ပါသည်။
တခါတရံ လူကို ခေါင်းလေးဖြင့် ပွတ်ကာခွေ့ကာ ချွဲတတ်သောကြောင့် ကြောင်ကလေး ဟု ချစ်စနိုး ခေါ်မိသည်။
သူနဲ့ကျမှ ကြောင်ကလေး ချောကလက် ဖြစ်သွားရရှာသည်။
Saturday, February 15, 2014
One at a time
Far from enough sleep, and facial -skincare - etc, meals are taken in a rush. No bragging or fretting, but being full time housewife changed all my life. I wasn't a very strict at doing beauty regime, however, spare time for a scrub or mask is very sacred nowadays. I have to rush having meals, brushing teeth, washing face and having shower .. All in high speed.
I'm having fun being with my little dear. Her anxiety of separation is adorable in a way. She dislikes being left in playpen when I do chores. She has started crawling around to follow me in the house. So I need to reduce my skincare time, to ensure more sense of security for the little one.
I keep daily make up minimum as I stay home, try to use more reliable and natural products. Nowadays, my facial routine includes - washing face, - eye cream, - facial oil and - lip care. Sometimes, I just dab facial oil onto my lips. Sometimes, nothing but clean face.
Lucky and being grateful for not having dry skin, I could live with shiny tzone time to time. I have other priorities than to have pixel perfect skin. As you could see from my beauty log, I always wanted to own this and that better products for my skin but learning to live with minimal and only essential steps.
I may require to achieve flawless skin one day, and I don't oppose to the idea of perusing better looking skin, I try my best to clean and moisturize twice as the days goes by.
My skincare reg :
Clean my face with either
- Nivea facial foam or
- The Body Shop vitamin C polish.
Moisturize with
- The Body Shop vitamin E eye cream
- The Body Shop vitamin E facial oil
- The Body Shop pink grapefruit lipgloss
That's all for now.

