Pages

Monday, July 4, 2016

နှင်းပန်းလေးနဲ့ ယပ်တောင်လေး တွေ

နှင်းဆီ တစ်ခါ Review လုပ်ဖူးတဲ့ စာအုပ် - Snow flower & secret fan ရေးသူ Lisa See ကို ဖတ်ဖို့ကြိုးစားရင်း စာအုပ်ထဲပါတဲ့အကြောင်းနဲ့ ဆက်နွယ်ပြီး အများကြီး စဉ်းစားဖြစ်ပါတယ်။

အဲ့သည်စာအုပ်ထဲကနေ ခြေသေးဖြစ်အောင် အချိုးခံရတဲ့ တရုတ်မိန်းကလေးတွေအကြောင်းကို ပြန်ပြန်တွေးမိတယ်။ စိတ်မကောင်းဘူး။ ဆွန်ယက်ဆင်ရဲ့ ပထမမိန်းမဟာ အဲ့လို ခြေသေးချိုးခံခဲ့ရသူပေါ့။ တရုတ်တွေဟာ မိန်းကလေးဆို အင်မတန် ဖိနှိပ်ထားဖို့ ကြိုးစားခဲ့ကြတာပဲ။ ဘယ်လို ရွှေဉာဏ်တော်စူးရောက်ပြီး ကလေးလေးတွေကို လုပ်ကြသလဲ​ စဉ်းစားလို့ မရဘူး။

သမီးမိန်းကလေးမွေးတဲ့အခါ ခြေသေးချိုးပေးရမှာစိုးလို့ ပြည်မထဲ အဲ့လို အသိုင်းအဝိုင်းထဲမှာ မနေတော့ဘဲနဲ့ တခြားအရပ်ကို ထွက်လာကြတဲ့ တရုတ်တွေ ဟိုရှေးကတည်းက ရှိခဲ့ကြမယ်နဲ့ တူပါရဲ့။

မြန်မာစာ မြန်မာဘာသာစကားမှာ မိန်းမတွေ အထူးသဖြင့် မိခင်တွေရဲ့ အရေးပါမှုကို ဘာသာစကား ပေါ်ပေါက်စပြုကတည်းက အသိအမှတ်ပြုထားပုံလေးတွေ တွေ့ရတယ်။ မိသားစု ဆိုတဲ့ စကားလုံးထဲမှာကိုက အားလုံးကို အုပ်ထိန်းရတဲ့ အမိ (အမေ) ကို ရှေ့မှာထားပြီး ခေါ်ကြတယ်။ ပြီးတော့ လမ်းတွေထဲမှာ အကြီးဆုံးဆို လမ်းမ၊ ဓားတွေထဲမှာ အကြီးဆုံးဆို ဓားမ ဆိုတဲ့သဘောမျိုး သုံးနှုန်းကြပါတယ်။ အကြီးဆုံးမြစ်ကို မြစ်မကြီး လို့ ခေါ်တတ်ကြတယ်။ အခြားအခြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ရောယှက်လာပြီး နောက်မှသာ အမျိုးသမီးတွေ အိမ်မှာပဲ မြဲမြံပိပြားနေရမယ် ဆိုတာမျိုး ဖြစ်လာဟန်တူပါရဲ့။ (ဒါက ကိုယ့်အတွေးသက်သက်ပါ) မူရင်း ဘာသာစကားထဲ ပါဝင်နေတဲ့ ပိုမိုကြီးမားပြီး အခရာကျတဲ့အရာကို မ တပ်ခေါ်တဲ့ သဘာဝကိုတော့ ဖျောက်လို့ရဟန်မတူပါဘူး။​

မြန်မာစကားထဲမှာ ယောက်ျားဘက်ကပြောရင် သားမယား လို့ ပြောတယ်။ ကလေး ပြီးမှ မိန်းမ ပေါ့။ မိန်းမဘက်ကပြောရင် လင်သား လို့ ပြောတယ်။ လင်ယောက်ျား ပြီးမှ သား (ကလေးတွေပေါ့) ။ ကလေးတွေကတော့ မိဘ လို့ ပြောတယ်။ အမိ ပြီးမှ အဘ၊ အမေ ပြီးမှ အဖေ။ ဒါပေမဲ့ သားသမီးကျတော့ သားက ရှေ့ရောက်နေတယ်။ အစတုန်းက ကျားဖြစ်ဖြစ် မဖြစ်ဖြစ် သားမွေးတယ်ပဲ ပြောခဲ့ကြပုံ ရပါတယ်။ ဘာသာစကားထဲမှာ အဲ့လိုဆက်နွယ်မှုလေးတွေကို သတိထားမိတာနဲ့ ပြန်ပြောပြတာပါ။​

Thursday, June 23, 2016

ခရုလေးနဲ့ နှင်းဆီပင်

The snail and the rose tree, original writer - Hans Christian Anderson

ခရုလေးနဲ့ နှင်းဆီပင်

ကြည်လင်သာယာတဲ့ နွေဦးရာသီအရောက်၊ ပန်းခြံလေးတစ်ခုရဲ့ ပတ်လည်မှာ အရွက်ထူထူ၊ အခွံမာသီးတွေရှိတဲ့ ဟေဇယ်ချုံတွေနဲ့ ကာရံထားတယ်။ ချုံပင်တန်းပေါ်ကနေ ကျော်ကြည့်လိုက်ရင် သိုးတွေနွားတွေ လာစားတတ်တဲ့ စားကျက်ကွင်းပြင်ကြီး ရှိပြီး ပန်းခြံလေးရဲ့ အလယ်တည့်တည့်မှာ ပန်းပွင့်နီနီလေးတွေ ပွင့်တဲ့ နှင်းဆီပင်လေးတစ်ပင် ရှိနေတယ်။ နှင်းဆီပင်လေးရဲ့ အောက်မှာ သူ့အခွံထဲသူ ကြီးကျယ်နေတဲ့ ခရုလေးတစ်ကောင်လည်း ရောက်နေတယ်။ "တစ်ချိန်မှာ သိမှာပေါ့။ ငါက နှင်းဆီပင်လို ပန်းတွေပွင့်တာထက်၊ ဟေဇယ်ပင်လို အခွံမာသီးတွေ သီးတာထက် သိုးဆိတ်နွားတွေလို စားသောက်စရာထုတ်ပေးတာထက် ပိုသာတာတစ်ခုခု လုပ်မယ့်သူကွ။" ခရုလေးက ပြောလိုက်တဲ့အခါ နှင်းဆီပင်က မေးတယ်။ "ကျွန်မရှင့်ကို အထင်မသေးရဲပါဘူး။ ဘာတွေလုပ်မှာလဲ ဆိုတာကိုတော့ ပြောပြပါဦးလား။" "ကျုပ် အချိန်ပေး စဉ်းစားရမယ်။ မင်းလို အလောတကြီး ထ,ထ,ပြီး ပန်းပွင့်တဲ့ကောင် မဟုတ်ဘူး။ စောင့်မျှော်စရာမရှိရင် ရင်ခုန်စရာ သိပ်မကောင်းဘူးလေ။" ခရုလေးက မြန်မြန်ပြန်ဖြေပြီး သူ့အခွံလေးထဲ ပြန်ဝင်သွားတယ်။ နောက်တစ်နှစ် ဒီလိုအချိန်မှာလည်း ခရုလေး နှင်းဆီပင်အောက်ကို ရောက်နေပြန်တယ်။ နွေးထွေးတဲ့ နေရောင်အောက်မှာ နှင်းဆီပင်ဟာ မနှစ်ကလိုပဲ လှလှပပ ဖူးပွင့်နေပြန်တယ်။ ခရုလေးက အခွံထဲကနေ ကိုယ်တစ်ပိုင်းထုတ်၊ ဦးချိုလေးဖြန့်လို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ပြီး ပြန်ငြိမ်နေလိုက်တယ်။ "မထူးခြားပါလား။ အကုန်လုံး မနှစ်ကလိုပဲ။ ဘာမှတိုးတက်မလာဘူး။ နှင်းဆီပင်လည်း ဒီအရောင်နဲ့ ဒီပန်းပဲ ပွင့်တယ်။ ဒီထက်မပိုတော့ဘူး။" ဒီလိုနဲ့ နွေကုန်တော့ သစ်ရွက်တွေကြွေတယ်။ လေတွေတိုက်တယ်။ မိုးရွာတယ်။ ဆောင်းဦးရာသီကနေ ဆောင်းရာသီရောက်လို့ ရာသီဥတုဟာ ကြမ်းတမ်းပြီး အေးစက်စိုထိုင်းလာတယ်။ ဆီးနှင်းတွေ မဖုံးခင်အထိ နှင်းဆီပင်ဟာ ဝေနေအောင် ပွင့်လိုက်ပါသေးတယ်။ ဆီးနှင်းတွေကြောင့် နှင်းဆီပင် ငိုက်ကျသွားတဲ့အခါ ခရုလေး မြေထဲကို တိုးဝင်ပြီး ဝပ်နေတာကို မြင်လိုက်တယ်။ နှင်းတွေအရည်ပျော်ပြီး နောက်နှစ်သစ်ရောက်တဲ့အခါ သူတို့တွေ ဆုံကြပြန်တယ်။ "မင်းတောင် နှင်းဆီပင်အိုကြီး ဖြစ်နေပြီပဲ။ မင်းမသေချင်လည်း သေရတော့မယ်။ မင်းက လောကကြီးအတွက် အင်အားရှိသမျှတော့ အစွမ်းကုန် ဖူးပွင့်ခဲ့ပါရဲ့။ အရေးကြီးတာတစ်ခုတော့ ငါ့ဘာသာတွေးဖို့ အချိန်မရလို့ မင်းကိုမေးချင်တယ်။ ဒီလို သူများအတွက် ပန်းတွေ ပွင့်ပေးခဲ့ပေမဲ့ ကိုယ့်ဘာသာကိုယ် တိုးတက်ဖို့ကျ မင်းမကြိုးစားခဲ့ဘူး မဟုတ်လား။ ပန်းတစ်မျိုးတည်း ပွင့်တာကလွဲလို့ တခြားဘာမှလည်း ပိုမတတ်လာဘူး။ ငါပြောတာ မှားလား။ မင်းက ဒီလိုနေရင်းနဲ့ သစ်ကိုင်းခြောက် ဖြစ်တော့မှာ။ နားလည်ရဲ့လား။" "ရှင်ပြောမှ ကျွန်မကြောက်လာပြီ။ ကျွန်မ တစ်ခါမှ အဲ့လို မတွေးဖူးပါဘူး။" "ဘယ်တွေးမိမလဲ။ မင်းက တွေးဖို့ကြောက်တာကိုး။ မင်းစဉ်းစားသင့်တာက ဘာလို့ ပန်းတွေပွင့်ရလဲ။ ပန်းတွေ ဘယ်လိုပွင့်နေလဲ။ ဘာလို့ ဒီလိုပဲ ပွင့်ပြီး နောက်တစ်မျိုး မပွင့်နိုင်တာလဲ။ အဲ့လိုပေါ့ကွာ" နှင်းဆီပင်က ပြန်ရှင်းပြတယ်။ "ကျွန်မကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ပန်းတွေပွင့်ပေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီတစ်မျိုးပဲ လုပ်နိုင်လို့ပါ။ နေရောင်ခြည်လင်းရင် နွေးတယ်။ လေပြေတိုက်ရင် လန်းဆန်းတယ်။ နှင်းရည်ကြည်လေးတွေ သောက်တယ်။ မိုးရေချိုးတယ်။ ကျွန်မဒီလိုပဲ အသက်ရှူပြီး ရှင်သန်ပါတယ်။ မြေကြီးထဲကနေ အာဟာရတွေ စားသုံးရတယ်။ ကောင်းကင်ပေါ်ကနေ အလင်းရောင်အားကိုလည်း ရတယ်။ ကျွန်မခံစားရသလောက်နဲ့ အမြဲတမ်း ကြည်နူးပြီး အမြဲတမ်း ပျော်ရွှင်နေမိတယ်။ အဲဒါကြောင့်လည်း ပန်းတွေပွင့်နိုင်တယ်။ ကျွန်မဘဝမှာ တတ်နိုင်တာ ဒီလောက်ပါပဲ။" "မင်းဘဝက မလေးနက်သလိုပဲ" ခရုက အားမလိုအားမရ မှတ်ချက်ချတယ်။ နှင်းဆီပင်က သိပ်မငြင်းတတ်ဘူး။ "ဟုတ်တယ်။ အားလုံးကို ကျွန်မ အဆင်သင့်ရနေတယ်လေ။ ဒါပေမဲ့ ရှင့်မှာဆို ပိုသာတာပေါ့။ ရှင်က လေးလေးနက်နက်တွေ စဉ်းစားတတ်တယ်။ ဉာဏ်ရှိတယ်ဆိုတော့ တစ်လောကလုံးအတွက် အတွေးအခေါ်တွေ ဖော်ထုတ်ပေးနိုင်မှာပေါ့။" "ငါတော့ မလုပ်ချင်ပါဘူး။ တစ်လောကလုံးနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး။ ဘာတွေသွားလုပ်ပေးရမှာလဲ။ ကိုယ့်ဘာသာနဲ့ကိုယ်တောင် ကိုယ့်အခွံထဲမှာ ပြည့်ကျပ်နေတာ။" "ဒါပေမဲ့ ဒီလောကြီးထဲမှာနေတာ၊ ကျွန်မတို့အားလုံးက လောကြီးကို ကိုယ့်ဆီက အကောင်းဆုံးတွေ ပေးဆပ်သင့်တာပဲ မဟုတ်လား။ ကျွန်မဆို ကိုယ်ပွင့်တဲ့ နှင်းဆီပန်းပဲ ပေးဆပ်နိုင်တယ်။ ရှင်ကျတော့ ဒီလောက်အများကြီး တွေးခေါ်နိုင်တာပဲ။ တစ်ခုခု ပေးဆပ်ရမယ်ဆို လောကကြီးကို ရှင်ဘာပေးမလဲ။" "လောကကြီးက ကျုပ်ကို ဘာများပေးလို့ ကျုပ်က ပြန်ပေးဆပ်ရမှာလဲ။ အလကားတွေပါ၊ လောကကြီး ပိုစိုပြေအောင် တံတွေးပဲ ထွေးပေးလိုက်မယ်။ ကျုပ် အရေးမစိုက်ချင်ဘူး။ မင်းကဟုတ်တယ်၊ တခြားဘာမှ မလုပ်နိုင်လို့ ပန်းပဲပွင့်တာ။ ဟို ဟေဇယ်ပင်လည်း အသီးတွေသီးပေါ့။ သိုးတွေနွားတွေလည်း နို့တွေ သားရေတွေ ပေးပေါ့။ သူတို့သဘောနဲ့ သူတို့၊ ကျုပ်လည်း ကိုယ့်သဘောနဲ့ ကိုယ်ပဲ။ ကိုယ့်အခွံထဲ ကိုယ်နေတာ။ လောကကြီးထဲ မနေဘူး။" ပြောရင်းဆိုရင်းနဲ့ ခရုက သူ့အခွံထဲကို ခေါင်းပါသွင်းပြီး အိပ်နေလိုက်တယ်။ "ဝမ်းနည်းစရာပဲ။ ငါ့မှာဆို သူ့လို ဝင်ခွေအိပ်စရာ အခွံမရှိဘူး။ ဒီတော့ ပန်းတွေပဲ ဆက်ပွင့်ရဦးမှာပေါ့လေ။ ပွင့်ဖတ်တွေ ကြွေရင်လည်း လေထဲလွင့်ကုန်ဦးမှာပဲပေါ့။" နှင်းဆီပင်ဟာ သူ့အကြောင်းသူ တွေးကြည့်တယ်။ အမျိုးသမီးတစ်ယောက်ဟာ နှင်းဆီတစ်ပွင့်ကို ဓမ္မတေးစာအုပ်ထဲမှာ အမှတ်တရ ညှပ်သိမ်းထားတာ တွေ့ဖူးတယ်။ မိန်းမပျိုလေးတစ်ယောက် သူ့နှင်းဆီပွင့်ကို ရန်ဘတ်မှာထိုးထားတာ တွေ့လိုက်တယ်။ ကောင်မလေးတစ်ယောက် နှင်းဆီပွင့်လေးကို နမ်းရှိုက်ရင်း ကြည်နူးနေတာ မြင်ဖူးတယ်။ ဘဝမှာ ဒါတွေဟာ အမှတ်ရစရာတွေပါပဲ။ ဒါလောက်နဲ့ပဲ နှင်းဆီပင် စိတ်ချမ်းသာနိုင်ပါပြီ။ နှင်းဆီပင်ဟာ ဘယ်လိုမှ စိတ်ထဲမထားဘဲ အချိန်မှန်မှန် ပန်းတွေဆက်ပွင့်တယ်။ ခရုလေးကတော့ အခွံထဲဝပ်နေရင်း လောကကြီးနဲ့ ဘာမှမဆိုင်သလို ခပ်တည်တည် ဆက်နေတယ်။ ဒီလိုနဲ့ နှစ်တွေအများကြီး ကုန်လွန်လာတယ်။ ခရုလေးဟာ မြေကြီးပေါ်နေရင်းက မြေကြီးထဲရောက်ပြီး မြေကြီးပြန်ဖြစ်နေပြီ။ နှင်းဆီပင်လည်း အိုမင်းသေဆုံးပြီး မြေကြီးထဲ ရောက်နေပါပြီ။ အမြတ်တနိုးသိမ်းထားတဲ့ ဓမ္မတေးစာအုပ်ထဲက အမှတ်တရနှင်းဆီပန်းလေးတောင် အရောင်အဆင်း မရှိတော့ဘူး။ ဒါပေမဲ့ ပန်းခြံလေးထဲမှာတော့ တခြားနှင်းဆီပင်တွေ တခြားခရုလေးတွေ ဆက်ပြီးရှိနေကြတုန်းပါပဲ။ နှင်းဆီပင်တွေ ပန်းပွင့်နေချိန်မှာ ခရုလေးတွေက လောကကြီးကို အရေးမစိုက်ဟန်နဲ့ မြေပေါ်ကို တံတွေးထွေးကြတယ်။ ဒီလိုနဲ့ ပုံပြင်လေးဟာ အစကနေ ပြန်စပြီး တစ်ပတ်ပြန်လည်တယ်။ နှင်းဆီပင်တွေရယ်၊ ခရုတွေရယ် ရှိတဲ့ ပန်းခြံထဲက တစ်နေရာမှာ နှင်းဆီတစ်ပင်နဲ့ ခရုတစ်ကောင်ဟာ လေးလေးနက်နက် အကြောင်းအရာတွေ ဆွေးနွေးချင် ဆွေးနွေးနေလိမ့်မယ်။ ပန်းပွင့်ဖို့ တတ်နိုင်တဲ့သူက ပန်းတွေဆက်ပွင့်ပေးနေသလို၊ ညစ်ပတ်အောင် လုပ်တဲ့သူက လုပ်နေဦးမှာပါပဲ။

မူရင်း Hans Anderson ၏ The Snail and the Rose Tree ပုံပြင်ကို မရွှန်းမီ မြန်မာလို ပြန်ရေးပါသည်။
ထို့နောက် ဆက်ရေးပါသည်။
 - - - - -
နောက်ဆက်တွဲ

တစ်နေ့တော့ အဲ့ဒီပန်းခြံထဲကို ဗမာမလေးတစ်ယောက် ရောက်သွားတယ်။ သူမဟာ ခရုလေးတစ်ကောင်လိုပဲ နှေးတုံ့နှေးတုံ့နဲ့မို့ သူမကိုယ်သူမ စိတ်ပျက်နေတာပေါ့။ အဲဒါကိုသိတဲ့ ခရုလေးတစ်ကောင်ဟာ ကောင်မလေး အားမငယ်ရအောင် တရွေ့ရွေ့သွားတဲ့ သူ့ကိုယ်ခန္ဓာလေးနဲ့ ခြံစည်းရိုးတိုင်ပေါ်ကို တက်ပြတယ်။ နှေးကွေးတဲ့ မိန်းကလေး မပုကြွယ်ဟာ ခရုသေးသေးလေး ခြံစည်းရိုးပေါ် ကြိုးစားတက်နေတာကို ကြည့်ရင်း လေးစားအားကျပြီး အတုယူလိုက်သတဲ့။ အဲသည်ကစပြီး "မပုကြွယ်နဲ့ ခရုငယ်" ဆိုတဲ့ သင်ခန်းစာပုံပြင်လေးတစ်ခုပါ ခရုအသိုင်းအဝိုင်းမှာ ကျန်ရစ်တယ်။ အဲ့သည်ခရုလေးဟာ ပန်းပွင့်တာထက်၊ အသီးသီးတာထက်၊ စားသောက်စရာပေးတာထက် ပိုသာအောင် လုပ်ပြမယ်လို့ ကြွေးကြော်ခဲ့တဲ့ ခရုလေးရဲ့ မြေးမြစ်တွေထဲက တစ်ကောင်ပေါ့ကွယ်။ ပေးလိုက်တဲ့ သင်ခန်းစာလေး တစ်ခုနဲ့တင် စာတင်ခံရလောက်အောင် ကြီးကျယ်သွားတာပါပဲ။ ကျန်တဲ့ခရုတွေကတော့ ထုံးစံအတိုင်းပေါ့ကွယ်။

Sunday, February 21, 2016

ဖူးပွင့်ငုံဝေစီ

//ဖူးပွင့်ငုံဝေစီ

ငြိမ်းချမ်းရေးဟာ နှင်းဆီဖြစ်တယ်။
ဆုပ်လည်းစူး
စားလည်းမထူး
ရနံ့တော့ မွှေးတယ်။
နှင်းဆီရနံ့ပါရင် ဗလာတွေလည်း ဈေးကောင်းရတယ်
နှင်းဆီပွင့်ဖတ်တွေ ခြွေခူး
နှင်းဆီပန်းခြောက်တွေ ရေနှူး
သေမထူးနေမထူး နှင်းဆီ။
နှင်းဆီနဲ့ ဆိုင်တာ ဘာမဆို ဈေးကောင်းတော့
လက်ကောင်းလို့ ဆူးတောင်းကြတာပေါ့။
လေယူရာသွေး မွှေးပါသည်
လေယူရာတိမ်း ယိမ်းပါသည်။
အရိုင်းဆန်ဆန် မှော်ဆန်ဆန် ယုံတမ်းများစွာထဲ ရဲရင့်ခဲ့ရ
မြိုင်ဟေမာတွင်း သီချင်းထဲမှာ လိပ်စာမှားပေးတဲ့ နှင်းဆီ
တကယ်က ဥယျာဉ်တွင်းမှာ သေချာပျိုးမှ လှတဲ့နှင်းဆီ
ပျိုးဥယျာဉ်မှာ မြေဆီကောင်းကျွေး ပိုးလိုမွေးရတဲ့ နှင်းဆီ။
သုန်လေညွတ်တော့ ဆွတ်ဖို့ရည်
မှုန်ရွှေဝတ်နဲ့ သင်းပျံ့မွှေးကြည်
ကိုကို ချူရဲရင် ချူလှည့်အတည်
ခင်ခင်ပျိုမဒီ နှင်းဆီခက်ကို လက်လှမ်းကာယူမည်။

//Feb 21, 2016
//ရွှန်းမီ
// lyric credit - မူရင်းအငြိမ့်သီချင်း ရွှေရွှေနှင်းဆီ

Wednesday, February 17, 2016

ပန်းပိတောက်ကို ချစ်တယ်

သင်္ကြန်ရောက်တော့ပေမည်။ သင်္ကြန်ရောက်ချိန်နီးလျှင် အနှေးနဲ့အမြန်ဆိုသလို ပိတောက်တွေ ပွင့်စေချင်ပါသည်။ ပိတောက်ပန်းကို ချစ်သည်ဆိုသော ဆရာတစ်ယောက်ကိုလည်း သတိရမိသည်။ ပိတောက်ပန်းက မွှေးသည်။ ပိတောက်ပင်ရိပ်က အေးမြပါသည်။ 
ပိတောက်ပန်းတွေ ပွင့်ဝေနေတာကို မြင်ချင်သည်။ ပိတောက်ပန်းကို ပန်ဖို့သော်လည်းကောင်း၊ ခူးယူဖို့သော်လည်းကောင်း မတမ်းတမိပါ။ ပန်းတွေဝေနေသော ပိတောက်ပင်‌အောက် လမ်းလျှောက်ရဖို့သာ မျှော်လင့်၏။ ခူးပြီးသား ပိတောက်ပန်းသည် ကြာရှည်မခံပါ။ 
ပိတောက်ပန်းကို လူတွေခူးကြသည်။ မမီမီရာ တံချူနဲ့ရမ်းပြီး ပိတောက်ကိုင်းကို ချိုးမိတတ်ကြသည်။ လူတွေအများအပြား လက်ထဲမှာ ပိတောက်ရွက်တွေခြွေပြီးသား ပိတောက်ခိုင်များကိုမြင်တိုင်း အချိုးအဖဲ့ခံရသော ပိတောက်ပင်များအတွက် စိတ်မကောင်းဖြစ်မိသည်။ ပိတောက်တွေ လွတ်လွတ်လပ်လပ် ပွင့်ပါစေလား။ အများနှင့်တစ်ယောက် ပြောမိသော် ရန်များမည်သာတည်း။ ပိတောက်ပန်းအပေါ်သာ လောဘကြီးကြသည်၊ ပိတောက်ပန်းကို တကယ်ရော မြတ်နိုးကြလို့လား။ ရာသီပေါ် ရှားရှားပါးပါးမို့ ဝိုင်းလုကြတာ မဟုတ်လား။ နွေ‌တွင်းမှာ ဘယ်တော့ မိုးရွာမှန်းမသိချိန်မှာ တခါတလေလောက်လေး မိုးရွာချမှ ပွင့်တတ်ကြသော ပိတောက်ပန်းများကို လူတိုင်းက တပ်မက်နိုင်ပါသည်။ ပန်းကိုလိုတိုင်း ရသလောက် ခူးယူရမည်၊ အပင်ကို ချိုင်ရမည် ဟူသည်အထိတော့ နားမလည်နိုင်ပါ။ ပိတောက်ပန်းပွင့်ပြီးသည့်နောက် ပိတောက်ပင်အောက်တွင် အနွမ်းမြန်သော ပန်းကြွေဖတ်များနှင့် ပိတောက်ရွက်စိမ်းစိမ်းများ ဖရိုဖရဲ ကျန်ရစ်တတ်သည်။ 
ပိတောက်ပင်ကို အားရပါးရ ဒုက္ခပေးပြီးသကာလ ကုသိုလ်ရအောင်ဆိုပြီး ဘုရားတင်ကြသည်။ ထို့နောက် မျက်နှာရအောင် လက်ဆောင်လိုက်ပေးကြသည်။ ကျွန်မ ပိတောက်ပန်း မပန်လိုပါ။ မိန်းကလေးတိုင်း ပိတောက်ပန်း ပန်ချင်ရမည်ဟု ဘယ်သူပြောခဲ့မှန်း မသိနိုင်ပါ။ ယောက်ျားမိန်းမမဟူ ပန်းကြိုက်လျှင်ကြိုက်နိုင်သည်။ ဆိုက်ကားသမားတွေလည်း သူတို့ဆိုက်ကားမှာ ပိတောက်ပန်းတွေဝေနေအောင် ဆင်ထားနိုင်ပါသည်။ သူတို့ကျတော့ ပိတောက်ပန်းနှင့် ကြည့်ကောင်းသည်။ နေပူထဲ၊ ကားတွေကြားထဲ အသက်စွန့်ဝမ်းကျောင်းရတာ ပန်းရနံ့လေး၊ ပန်းအလှလေးတော့ ခံစားခွင့် ရှိသင့်ပေသည်။ အပြစ်စောစောမတင်လို။ 
ပိတောက်ရွက်၏ အစိမ်းရောင်သည် အလွန်လှပါသည်။ မဖျော့လွန်း မရင့်လွန်း လန်းဆန်းဝင်းလဲ့သော အစိမ်းရောင်၊ ပိတောက်ပန်းအဝါနှင့် အလိုက်ဖက်ဆုံး အစိမ်းရောင်မျိုး ဖြစ်သည်။ ပိတောက်ပန်းကြိုက်သူများ သိပ်အရေးမလုပ်သောလှ ပိတောက်ရွက်များကိုနှစ်သက်မိပါသည်။ ကျွန်မငယ်စဉ်က ပိတောက်ပင်ပေါက်စလေးတွေဆီကနေ ပိတောက်ညွန့်လိုက်ချိုးဖူးသည်။ အဖေ့အတွက် အမေက ယတြာချေလိုသောကြောင့် လိုက်ရှာပေးရခြင်းဖြစ်သည်။ အခြားအပင်တွေကို သိပ်မသိသော်လည်း ပိတောက်ပင်ကိုတော့ ပန်းပွင့်မရှိလည်း မြင်အောင်ကြည့်တတ်ခဲ့ပါသည်။ အညွန့်လိုက်ခူးရသည်ကိုတော့ စိတ်မလုံပါ။ သို့သော် ပိတောက်ပင်များအဖို့ရာ ပန်းပွင့်တုန်းခဏ မည်မျှပင် ဖျက်ဆီးခံရသည်ဖြစ်စေ မကြာခင်မှာ အညွန့်တွေပြန်တက် အခက်တွေပြန်ဝေပြီး အပင်ဖားဖားကြီး ပြန်ဖြစ်သည်သာ။ အလွန်စိတ်ခိုင်သောအပင်မျိုးဟု ထင်ရသည်။ 
ပိတောက်ပင်ကြီးတွေအောက်မှာ ပိတောက်ပန်းတွေ ပွင့်ဝေနေချိန် လမ်းလျှောက်ရဖို့ စိတ်ကူးယဉ်ကြည့်ပါသည်။ ဝင်ငွေအလုံအလောက် ရှိခဲ့သော် ခြံကျယ်ကြီးတစ်ခြံ ဝယ်ဖို့ မသေချာပါ။ ကိုယ့်ခြံထဲကိုယ် ပိတောက်ပင်တွေ စိုက်မိပါ့မလား မသေချာပါ။ ဖြစ်ခဲ့သည့်တိုင် ကိုယ်တိုင်စိုက်တဲ့ ပိတောက်ပင်တွေ အပင်ကြီးအရွယ်ရောက်သည်အထိ ကိုယ်ကအသက်ရှင်ပါ့မလား မသေချာပါ။ ကိုယ်အသက်ရှင်တဲ့တလျှောက် ကိုယ်ခြံထဲရှိနေခိုက်နှင့် ပိတောက်ပန်းပွင့်သည့်အခိုက် ကြုံကြိုက်ပါ့မလား မသေချာပါ။ ပိတောက်ပင်ရှိသော ခြံကျယ်ကြီးတစ်ခုခုဆီ အလည်ရောက်ဖို့ပင် မသေချာပါ။ ရောက်ခဲ့သော်၊ ပိတောက်ပွင့်ခိုက်နှင့် ကြုံခဲ့သော်၊ ထိုပိတောက်ပင်ကြီး အကိုင်းချိုးခံနေရဦးမလား မသေချာပါ။ သူများတကာခြံထဲက ပိတောက်ပင်ပွင့်နေသည်ကို မခူးပါနဲ့၊ မချိုင်ပါနဲ့လား ဟု ပြောထွက်ဖို့ ပို၍ပင် မသေချာပြန်ပါ။ 
လူအများသွားလာသည့် လမ်းမပေါ်က ပိတောက်ပင်များအောက်မှာ လမ်းလျှောက်ခဲ့ရသည်။ အခူးမခံရသော ပိတောက်ပန်းများ တဖြည်းဖြည်း တဖွဲဖွဲ ကြွေကျသော် လမ်းတလျှောက် မွှေးမြပြီး အလွန်လှသည်ဟု ထင်ရပါသည်။ ထိုခဏလေးများအတွက်ပင် ပိတောက်ကို ကျေးဇူးတင်ပါ၏။ ပိတောက်အတွက် လုံလောက်သောအဓိပ္ပာယ်မှာ ပွင့်ချိန်တန်ပွင့်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ရှိနှင့်သော ပိတောက်ပင်များ ခိုင်ခိုင်မားမား ရပ်တည်နေပါစေ။ 
ပိတောက်ပန်းတွေ ပွင့်ဝေနေတာကို မြင်ချင်သည်။ 
ပိတောက်တွေ ပွင့်စေချင်ပါသည်။ 

//shwunmi

Thursday, January 7, 2016

Here's to the Independence!

လွတ်လပ်ခြင်း ဆိုတာ လူ့ပြည်မှာ တကယ်ရှိလို့လား ဆိုတဲ့သဘောမျိုး ဆရာမင်းလူ တစ်နေရာမှာ ပြောသွားတာကို အမှတ်ရပါတယ်။ ကိုယ်တွေနားလည်ထားတဲ့ လွတ်လပ်မှု၊ လွတ်လပ်ခြင်း၊ လွတ်လပ်ရေး ဆိုတာ ဘယ်လိုဖြစ်မလဲ။ ကိုယ်နားလည်သဘောပေါက်သလို ရေးလိုက်ပါတယ်။

လွတ်လပ်ရေး ဆိုတာ ကိုယ့်ကြိုးစားမှု အသီးအပွင့်ကို ကိုယ်တိုင် ထိုက်ထိုက်တန်တန် စားသုံးခွင့် စီမံခွင့်၊ ကိုယ့်နှင့်ဆိုင်ရာကိစ္စတိုင်းမှာ တရားမျှတစွာ ရပ်တည်နိုင်ခွင့် လို့ ယူဆပါတယ်။ ကိုယ်နဲ့စိတ်နဲ့လွတ်ပြီး ရူးသွားတာမျိုးကို လွတ်လပ်ခြင်း မခေါ်ပါဘူး။ ကိုယ်ရောစိတ်ပါ လုပ်စရာအလုပ်မရှိ လွတ်နေတာကို တာဝန်ယူစရာဘာမှမရှိတာကို လွတ်လပ်နေတယ် လို့ မခေါ်နိုင်ပါဘူး။ တစ်ချိန်မှာ မလွှဲမရှောင်သာ ယူစရာတာဝန် ရှိလာတဲ့အခါ ယူနိုင်တဲ့အခြေအနေ ရှိမနေသရွေ့ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်ဘဝလမ်းကိုယ် မလျှောက်နိုင်သရွေ့ လွတ်လပ်တယ် လို့ မခေါ်နိုင်ပါဘူး။

ကိုယ့်နုိင်ငံမှာ သယံဇာတတွေအပြင် ကိုယ့်နုိင်ငံသားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ကုန်စည်တွေဟာ သူတစ်ပါးအတွက် ဖြစ်ခဲ့ဖူးတယ်။ သူများမျက်နှာမော်ဖူးမှ အရိုးအရင်းပြန်ရတဲ့ဘဝ ရောက်ခဲ့ရဖူးတယ်။ ဆိုတော့ လွတ်လပ်ချင်လွန်းလို့၊ သည်မြေမှာ ပေါက်ဖွားတဲ့သူတွေဘဝ သူများအောက်မကျဘဲ တိုးတက်စေချင်လို့ လွတ်လပ်ပါစေ ဆိုပြီး တိုက်ယူခဲ့ကြတယ်။

လွတ်လပ်တယ် ဆိုတိုင်း အချို့အချို့သော ပိုမိုလွတ်လပ်နေသူများလို သူများတကာကို ဂရုမစိုက်ချင်တိုင်း မိုက်ရိုင်းလို့ရတာကိုလည်း မဆိုလိုပြန်ဘူး။ လွတ်လပ်ခြင်း ဆိုတာမှာ တရားမျှတမှုနဲ့ အတိုင်းအဆရှိရတယ်။ ကိုယ့်ရပ်တည်မှုဟာ သူများရပ်တည်မှုအပေါ် အနှောက်ပယောဂ ဖြစ်မဖြစ်၊ တရားနည်းလမ်း ကျမကျ ကိုယ့်ဘာသာလည်း ဝေဖန်နိုင်ရမယ်။ ဉာဏ်နဲ့ယှဉ်ပြီး သင့်တော်တဲ့ရွေးချယ်မှု ပြုနိုင်ရမယ်။

ကိုယ့်ဘဝကိုယ် ကိုယ့်ပတ်ဝန်းကျင်ကိုယ် မြှင့်တင်ပေးနိုင်မှု၊ ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်နိုင်မှု၊ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ယူနိုင်မှု၊ စတဲ့ ဉာဏ်နဲ့ယှဉ်သော လွတ်လပ်ရေးမျိုးကို လိုချင်ခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ အရာရာ နောက်ကောက်ကျရတာကို ‌ရှေ့တွန်းတင်ချင်လွန်းလို့၊ တိုးတက်ဖို့ ကြိုးစားရာမှု ချုပ်ချယ်ခံခဲ့ကြရလွန်းလို့ လွတ်လပ်ရေး ဆိုတာကို တခုတ်တရ မရအရ ယူလာခဲ့ကြတယ်။ ဆိုတော့ သူတစ်ပါး ပယောဂ ပါပါမပါပါ ကိုယ့်ဘာသာ နောက်ကျကျန်နေရင်လည်း ကိုယ့်လွတ်လပ်ရေးဆိုတာကြီး ဘယ်သူ့ဆီရောက်မှန်းမသိ ဖြစ်တော့မယ်။ စိတ်ကိုအလိုလိုက် လွှတ်ချထားခြင်းကို လွတ်လပ်ခြင်း လို့ မယူဆမိဖို့ လိုမယ်။ လွတ်လပ်ချင်တဲ့သူတွေဟာ ကြိုးစားရပါတယ်။


Jan 04, 2016

သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း


​သက်တံကြီးဆီ လမ်းလျှောက်ထွက်ခြင်း 



နှစ်သစ်ကူးအကြို ညနေက လောကကြီးဟာ သာယာလို့။ တစ်နေကုန် မိုးတွေစွေခဲ့ပြီး မကြာခင် ညနေစောစောမှာ နေရောင်ဖြာကျလာတဲ့ ခဏ၊ သက်တံကြီးကိုတောင် မြင်လိုက်ရပါသေးတယ်။ အပြင်ကို ငေးလိုက်တဲ့ခဏမှာ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတယ်။ အစက မိုးစက်မှုန်မှုန်လေးတွေ လေထဲမှာတလွင့်လွင့်နဲ့ ပေါ့ပေါ့ပါးပါး ရွာဖြိုးနေခဲ့တယ်။ မိုးဖွားလေးတွေထဲ လမ်းထွက်လျှောက်ချင်စိတ်တောင် ပေါ်လာခဲ့လို့ အလုပ်ဆင်းချိန် မျှော်နေမိတယ်။ မမျှော်လင့်ဘဲ သက်တံကိုမြင်တော့ ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ တွေးမိလာတယ်။ သက်တံဆိုတာ ရေမှုန်တွေအပြည့်နဲ့ လေထုထဲကို နေရောင်ကျတုန်း ခဏလေး အရောင်စုံရတာ။ မကြာခင် အရောင်တွေ ကုန်သွားမှာကို ဒီတိုင်းကြည့်နေဖို့ မသင့်တော့ဘူး မဟုတ်လား။ 

နှစ်ကူးမတိုင်ခင် ပြီးရမယ့်အလုပ်တွေဘာတွေ ဆက်မစဉ်းစားဘဲ ရပ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သည်းဆည်းစရာတွေ အမြန်သိမ်းပြီး သက်တံကြီးဆီ လမ်းလျှောက်ထွက်မလား လို့ စိတ်ကူးရတဲ့အတိုင်းပဲ အပြင်ရောက်အောင် ထွက်လာလိုက်တော့တယ်။ ညနေဟာ မစောင်းတစောင်း အလုပ်ဆင်းချိန် မတိုင်သေးတော့ လူတိုးဖို့ သိပ်မလိုခဲ့ဘူး။ 

လှမ်းမြင်နေရတယ်။ မိုးမျှော်တိုက်တွေက ဟိုနားသည်နား ကွယ်နေတယ် ဆိုပေမဲ့။ သက်တံရှိတဲ့ဘက် ဦးတည်ရာကို မှန်းဆပြီး ဆက်သွားဖို့ ကြည့်တော့ မြေအောက်လမ်းက ဖြတ်ဖို့တွေ ဖြစ်လာရပြန်တယ်။ အဲ့သည်အချိန်က ဖြစ်နိုင်မယ်ဆိုရင် မြေအောက်ထဲကို လုံးဝမဝင်ချင်ခဲ့ဘူး။ သက်တံကြီးကိုပဲ ‌လှမ်းငေးရင်း လမ်းလျှောက်ရရင် ဘယ်လောက်သာယာလိုက်မလဲ။ သို့သော်လည်း ရောက်အောင်သွားချင်ပြန်တော့ ရှိတဲ့လမ်းက သွားခဲ့ရတာပဲ။ မြင်ကွင်းရှင်းတဲ့နေရာရောက်တော့ မိုးဖွဲဖွဲတွေတောင် ပြန်စရွာချင်နေပြီ။ ထီးမပါဘာမပါနဲ့ ‌ခေါင်းစွပ်အနွေးထည်လေး ဆွဲထုတ်ဝတ်ဆင်ပြီး မိုးရေဆွတ်ဆွတ် လေပြေအေးအေး မြစ်ကမ်းဘေးမှာ လမ်းလျှောက်ခဲ့တယ်။ 

လမ်းမှာ သက်တံကြီးလည်း တဖြည်းဖြည်း ‌လွင့်ပျံနေပါပြီ။ တစ်ခုရှိတာက ပြတင်းပေါက်မှန်အနောက်ကနေ ဒီအတိုင်း မှေးမှိန်ပျောက်ကွယ်သွားတာကို ကြည့်ခဲ့ရမှာထက်တော့ ပိုပြီး စိတ်ရွှင်လန်းခဲ့ရတာ အမှန်ပါပဲ။ သင်္ဘောကြီးနားက ကြာပန်းပုံ အဆောက်အဦရှိတဲ့နားဆီ လမ်းလျှောက်သွားကြည့်ခဲ့တယ်။ လမ်းမှာ နှစ်သစ်ကြိုဖို့ ပြင်ဆင်စောင့်စားနေတဲ့သူတွေ ဟိုတစ်စု ဒီတစ်စု တွေ့ခဲ့ရတယ်။ ဈေးဆိုင်တန်းလေးတွေကနေ သီချင်းတွေဘာတွေ ဆောင်းဘောက်ကြီးနဲ့ ဖွင့်လို့။ သီချင်းနားထောင်ရင်း၊ အမိုးသေးသေးလေး တစ်ခုမှာ မိုးခိုရင်း၊ ပင်လယ်ထဲရောက်ခါနီး မြစ်တစ်ခု (မြစ်သေးသေးလေးတစ်ခု) ကို ခဏငေးကြည့်ဖြစ်တယ်။ ညနေစောစော ဆိုတော့ လူတွေအများကြီး ရောက်မလာခင် ပတ်ဝန်းကျင်ဟာ အေးချမ်းသာယာနေခဲ့တယ်။ မိုးသေချာမတိတ်သေးလို့လည်း ဖြစ်ပါလိမ့်မယ်။ ကိုယ့်မှာတော့ ‌လေထဲလွင့်လာတဲ့ မိုးရေမှုန်မှုန်လေးတွေနဲ့တင် ရွှဲနေပြီလို့ ခံစားရတယ်။ 

တကယ့်သက်တံကြီးရဲ့အောက်မှာ မိုးရေမှုန်တွေရယ်၊ နေရောင်ဖျော့ဖျော့ရယ်ပဲ ရှိတယ် လို့ သူများတွေ ရေးထားပြောထားတာ ဖတ်ဖူးကြားဖူးခဲ့တယ်။ အရောင်တွေစုံနေတဲ့ လှပနေတဲ့ သက်တံကို အဝေးကနေ လှမ်းမြင်ရတာ စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းပါတယ်။ အမှန်တကယ် သက်တံရှိတယ်လို့ ထင်ထားရတဲ့ နေရာရောက်ရင်တော့ မိုးဖွားတွေ မိချင်လည်းမိမယ်။ မိုးရေဆွတ်ဆွတ် လေပြေအေးအေးလည်း တိုက်နေနိုင်တယ်။ ကြမ်းခင်းဟာလည်း မြက်ခင်းတွေဖြစ်စေ၊ ‌ကွန်ကရစ်ကျောက်ပြားခင်ဖြစ်စေ၊ စိုစွတ်ပြီး ချောနေတတ်ပါတယ်။ ချော်မလဲအောင် သတိကြီးစွာထားပြီး လမ်းလျှောက်ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သက်တံရှိရာ အလည်ရောက်တယ်လို့ ခဏသဘောထားပြီး လျှောက်သွားခဲ့ရတယ်။ ညနေမစောင်းခင် လူတွေအများကြီး မြစ်ကမ်းဘေးကို နှစ်ကူးကြိုဖို့ ရောက်မလာခင် အချိန်လေးမှာ။ 

ဈေးဆိုင်တန်းဘက်က သီချင်းသံရယ်၊ မြစ်ထဲ ရံဖန်ရံခါ ဖြတ်သွားတဲ့ မော်တော်ဘုတ်သံတွေရယ်၊ လေပြေအေးအေးရယ် အရာအားလုံး ပေါင်းဆုံသွားတဲ့ခဏမှာ ‌ဘဝအမောတွေ ခဏတော့ ပြေစေပါတယ်။  မြစ်ကမ်းအကွေ့ကို တစ်ပတ်ပတ်ပြီး ဒူးရင်းသီးပုံ အဆောက်အဦထဲမှာ အချမ်းပြေ ကော်ဖီဝင်သောက်ခဲ့တယ်။ မြစ်ကို နောက်တစ်နေရာက နောက်ထပ်တံတားတစ်ခုကနေ ပြန်ဖြတ်ခဲ့တယ်။ နှစ်ကူးပွဲလုပ်မယ့်နေရာကို တစ်ပတ်ပတ်လျှောက်ဖြစ်ခဲ့တာပေါ့။ ရထားဘူတာဘက်ကို သွားတဲ့လမ်းအတိုင်း လျှောက်လာရင်း ငါးခြင်္သေ့ကြီးတွေနားကလည်း ဖြတ်လာခဲ့တယ်။ မီးခိုးရောင်ဖျော့ဖျော့နောက်ခံ ကောင်းကင်ထဲမှာ မီးခိုးရောင်မိုးတိမ်တွေ ခရီးသွားနေကြတယ်။  မြင်ကွင်းဟာ မီးခိုးရောင်မိုးသားအောက်က မီးခိုးရောင် အဆောက်အဦတွေ ကြားက မီးခိုးရောင်မြစ်ပဲ ဖြစ်ခဲ့ပေမဲ့ အားလုံးအိုကေပါတယ်။ တကယ်တမ်းလည်း ကိုယ့်ဘာသာ သက်တံကိုင်းကွေးထဲမှာ လို့ ယူဆထားရင် မိုးရေမှုန်တွေဟာလည်း ရင်ခုန်စရာကောင်းနေတာပါပဲ။ ကိုယ့်သာသာကိုယ် သက်တံကြီးအောက် လမ်းလျှောက်နေတယ် လို့ ယုံလိုက်ရင်ပေါ့။ 

စိတ်ကူးသက်တံအောက်မှာ လမ်းလျှောက်ခဲ့ရသလိုပဲ ဘဝကို အရောင်တွေ စိုလွင်လှပနေတယ် လို့ ယုံကြည်လိုက်။ မိုးစက်မှုန်တွေ လေစိမ်းတွေကို ရဲရဲတင်းတင်း ရင်ဆိုင်လိုက် (အနွေးထည်တော့ ဝတ်တယ် ပေါ့နော်)။ ခြေလှမ်းတိုင်းမှာ ချော်ယိုင်မသွားအောင် သတိထားလျှောက်လှမ်း။ ကံကောင်းရင် သီချင်းသံလည်း နားထောင်ရမယ်။ ကော်ဖီဆိုင်လည်း နေရာရမယ်။ ငေးမောလျှောက်ကြည့်လို့ ဝရင် အိမ်ပြန်ရမယ်။ အမှောင်မကျခင် အိမ်ပြန်ရောက်အောင် လမ်းဆက်လျှောက်။ သက်တံကိုင်းအောက်ကို စိတ်ကူးနဲ့ရောက်ခဲ့တဲ့ မနှစ်က ညနေခင်းလေးဟာ သာသာယာယာ။ 

Thursday, September 24, 2015

Smokey smokey night

မီးခိုးများရှိသောကြောင့် ကလေးနှင့် အပြင်မသွားဖြစ်၊ အိမ်ထဲမှာပဲ ပေးကစားထားရသည်။ ကလေးလေး ပြေးရင်းချော်လဲရာ ခြေထောက်ခေါက်သွားသည်။ မနေ့နေ့လည်ခင်းလောက်က ဖြစ်သည်။ ခြေထောက်ကို အကိုင်မခံဘဲ ငိုသည်။ ညိုသော၊ နီသော ဒဏ်ရာမတွေ့ရ။ မီးခိုးတွေလည်း ရှိနေရာ ဆရာဝန်ဆီ ချက်ချင်းမပြေးဖြစ်။ ချော့မော့ရင်း ငိုရင်း အိပ်ပျော်သွားရှာသည်။ 
နိုးလာသော် ခြေထောက်မထောက်နိုင်၍ ငိုသည်။ အချီခံသည်။ အစားအသောက်ပုံမှန်စား၍ တော်သေးသည်။ ညနေခင်း မီးခိုလည်း ပါးသွားမှ ကလေးအဖေလည်း ပြန်လာမှ ဆေးခန်းကိုသွားသည်။ ဆေးခန်းမှာ စောင့်နေရင်း ဘေးကလာထိုင်သော လူကြီးတစ်ယောက်ကို အမျိုးအရင်းပမာ စကားတတွတ်တွတ်ပြောသည်။
ဆရာဝန်က ကြည့်ရှုပြီး မစိုးရိမ်ရကြောင်းပြောသည်။ ဆေးခန်းအပြန် စာကြည့်တိုက်ပိတ်ချိန်ဖြစ်၍ မသွားလိုက်ရသောကြောင့် မကြည်လင်။ 
ပေးလိုက်သော ဆေးတစ်မျိုးမှာ အိပ်ငိုက်စေ၏။ ထိုဆေးကို မသောက်။ ပါးစပ်ထဲ အဝင်မခံ။ ညသန်းခေါင် ခြေထောက်နာသည်ဟု ငိုပြီး ထကစားနေရာ နံနက် လေးနာရီမှ ပြန်အိပ်သည်။ 
သည်နေ့လည်း လမ်းမလျှောက် မတ်တပ်မရပ် လုပ်နေရာ စိတ်ပူရသည်။ သို့သော် သူ့အကြိုက်ကစားနည်းမှာ တီးပါတီဖြစ်သောကြောင့် ဟန်မပျက် ကစားနိုင်သည်။ ကလေးသည် ကစားရတာပျော်နေလျှင် အစားဝင်အောင် ကျွေးဖို့ မခက်။ 
ဘောလုံးပစ်ဖမ်း မကစားနိုင်ရာ သူက ဘောလုံးတွေကို ထိုင်ပစ်ပြီး ကိုယ်က တတောက်တောက် လိုက်ကောက်ရသည်။ ခြေထောက်ကို လှုပ်နိုင်နေသော်လည်း မထောက်သေး။ အလွန်သတိကြီးစွာ စမ်းထောက်လိုက် ပြန်ထိုင်လိုက်လုပ်သည်။ 
ရေချိုးကန်ထဲထည့်ရာ အိမ်မြောင် အနီးအနားမှာရှိသောကြောင့် အော်ဟစ်နေ၏။ သူ့အဖိုးရောက်လာပြီး ဂေါ်ပြားနှင့် ကျုံးပစ်ရသည်။ ရေထဲမှာလည်း ဆပ်ပြာမြှုပ်များကို မုန့်လုပ်ပြီးဆော့သည်။ ကလေးသည် ပျော်ရွှင်ကစားနေလျှင် မနေကောင်းသော်လည်း စိုးရိမ်ဖို့မလို ဟု ဆရာဝန်တစ်ယောက် ပြောဖူးသည်။ 
သည်နေ့လည်း မီးခိုးတွေတက်နေသည်။ တကယ်လို့ မနေ့က မသွားခဲ့လျှင် ယနေ့အထိခြေ မထောက်နိုင်သော် စိတ်ပိုပူရမည်။​ သည်ညနေမှ သွားသော် မီးခိုးပိုမွှန်မည်။ စောင့်ကြည့် ဆိုတော့ စောင့်ကြည့်ရမည်သာဖြစ်၏။ ချက်ချင်းဥုံဖွ လုပ်မရ။ 
အစက ကလေးတွန်းလှည်းနှင့် စာကြည့်တိုက်ပို့ရန် တွေးထားသော်လည်း မီးခိုးများကြောင့်ပင် မထွက်ဖြစ်ရာ အိမ်ထဲမှာချည်း နေရ၍ အနည်းငယ် ပိုဂျီကျသည်။ အိမ်မှာရှိသမျှလူ သူ့ကစားဖော် တစ်လှည့်စီ လုပ်ရသည်။ ဂျစ်ဆောများကို ကွတ်ကီးလုပ် ကစားသည်။ အရုပ်များကို စာဖတ်ပြသည်။ ကစားလို့ရသမျှ ကြံဖန်ကစားသော်လည်း တော်ရုံနှင့်မအိပ်ဘဲ အပြင်သွားချင်တယ် လုပ်နေပြန်သည်။ ကြိုးစားချော့မော့ရာ နောက်ဆုံးတော့ အရုပ်လေးဘေးထား အိပ်ပျော်သွားပြီ။ 
သူအိပ်ပျော်သွားသော် ကိုယ်က မျက်စိကြောင်ပြီး ကျန်ရစ်သည်။ ခြင်္သေ့လေးရော ခြင်္သေ့ကြီးရော ဟိန်းဟောက်နေကြပြီ။
ကလေးလေး ခြေထောက်သက်သာချိန်နှင့် မီးခိုးများ ပါးသွားချိန် တိုက်ဆိုင်ပါစေ။ အလကားနေရင်း မီးရှို့မှ ပိုက်ဆံရမယ့်အဖြစ်တွေ ပျောက်ပါစေ။ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်ခွန်ပါ ပေးဆောင်မှ အသက်ရှူခွင့်ရအောင် လုပ်ဖို့ကြိုးစားနေကြသလား အိပ်မပျော်တိုင်း ဂယောက်ဂယက် တွေးမိလာသည်။ 

Tuesday, March 10, 2015

Playing well

ပုံဆွဲတမ်း ကစားတယ်။ လိပ်ပြာပုံ ဆွဲခိုင်းတယ်။ ဘတ်တာဖလိုင်း ဘတ်တာဖလိုင်း ဆိုတာ သူအကြိုက်ဆုံး စကားလုံး၊ သူအကြိုက်ဆုံး သတ္တဝါ။
သားအမိနှစ်ယောက် Pastel တစ်ယောက်တစ်ခုနဲ့ ဆွဲကြတယ်။ 
သူဆွဲလိုက်တာ လိပ်ပြာပုံကို ဖုံးသွားတော့ ဘတ်တာဖလိုင်း-တူ-ဝါ တဲ့။ 
ပြောချင်တာ လိပ်ပြာလေး ပုန်းနေတဲ့ပုံ ပေါ့လေ။ 

သူနဲ့ရွယ်တူလောက်ရှိတဲ့ စက္ကူပုံးနဲ့ ကစားတယ်။ အစက ပုံးထဲကို မရမက ဝင်ဝင်ထိုင်တယ်။ နောက်တော့ ပုံးက နှစ်ဖက်လုံး ပွင့်သွားတော့ အထဲကို လေးဘက်ထောက်ဝင်တယ်။ ဒီဘက်ကဝင် ဟိုဘက်က ပြန်ထွက်ပြီးတော့ ipsy bitsy spider ဆိုပြီး လက်လေးမြှောက်ပြပြီး ထခုန်ရော။ 
Nursery rhyme animation ထဲမှာ ပင့်ကူလေး ပိုက်ထဲ ဝင်လိုက်ထွက်လိုက် လုပ်တာကို သူလိုက်ကစားတာ။ 

သူ့အဖိုး ပါပလာတွေ ဝယ်လာတယ်။ နည်းနည်းမြည်းကြည့်ပြီးတော့ နောက်ပိုင်း ခဏခဏစားတယ်။။ သူ့မျက်နှာလောက်ကြီးတဲ့ မုန့်ကြီးကို စားရတာ သဘောကျနေရော။ ပြီးတော့ baby spider is hungry တဲ့။ သူကြည့်တဲ့ pocoyo ထဲမှာ ပင့်ကူလေးက ကျွတ်ကျွတ်ဝါးစားပြတာပါတယ်။ 
သူ့ကိုယ်သူ baby spider ပေါ့လေ။ 

သူသဘောကျတာလေးတွေ ပြန်လုပ်ပြတတ်နေပြီ။ စာရေးရတာ၊ ပုံဆွဲရတာကို ကြိုက်နေတယ်။ baby spider ပုံဆွဲတယ်၊ pocoyo ပုံဆွဲတယ် သူသေချာ ကြည့်ထားတယ်။ pocoyo, pato, Elly, Fred octopus, baby bird, sleepy bird, caterpillar, laula, butterfly, .. ကာတွန်းကောင်လေးတွေ သူ့သူငယ်ချင်း ဖြစ်နေပြီ။ 

အပြင်မှာလည်း ကစားတတ်အောင် သူငယ်ချင်းဖွဲ့တတ်အောင် အိမ်နားက ကစားကွင်းကို ပို့တယ်။ အစက လျှောစီးရတာကို သူမရဲဘူး။ အပေါ်တက်သွားပြီးရင် ပြန်လျှောဆင်းဖို့ တွန့်နေလို့ သူ့အဖေက are you ready? လို့ မေးတာကို မှတ်ထားတယ်။ နောက်ကျတော့ အိပ်ရာပေါ်က ခေါင်းအုံးတွေကို ဆင့်ပြီး တစ်ခုကို ဘေးစောင်းပြီးတော့ အာယူဝယ်ဒီ အော်ပြီး လျှောလိုလုပ်ကစားတော့တာပဲ။ 
အခုတော့ လျှောကောင်းကောင်း စီးတတ်နေပါပြီ။ 

ပုံဆွဲ စားစား သောက်သောက် တြိယာတွေကို မြန်မာလိုပိုသိတယ်။ နာမ်တွေကို အင်္ဂလိပ်လို ပိုသိတယ်။ ငယ်တုန်းမှာ နှစ်မျိုးစလုံးသိတာ ပိုကောင်းမယ်။ မိခင်ဘာသာစကား မိသားစုသုံး ဘာသာစကားနဲ့လည်း ရင်းနှီးနေတာ ကောင်းမယ်။ သူကြီးပြင်းမယ့် ပတ်ဝန်းကျင်နဲ့လည်း ဆက်သွယ်ပြောဆိုတတ်ဖို့ လိုတယ်။ 

Friday, March 6, 2015

Blue pants

I coincidentally found a pair of three-quarter pants. They're navy blue. 
Actually it was on sale 2 for 18. I was somehow hopelessly searching for another piece. There a lady came and asked, obviously pick only a white pair, if I'd like to share with her. 
I was happily Yes. 
But the purse was somehow with my hubby who's stroller walking with my kid, so I had to go find them. Then I just picked the pair I checked. 
The lady was surprised that I took size L. Having elongated limbs, I might seemed slim to her, but yeah, I wear size L. I had to explain that I have big hips, ironically. 
Anyways, we both got what we exactly wanted, without buying something else, saved guilt as well. 
Happy March! Happy weekends! 

Friday, February 20, 2015

Eyeliner, etc

Eyeliners do not last long / or should I say they expire fast. Cosmetic advises say they may be the resource of bacteria growth while touching these lids and lashes everyday. 

Since I'm not that high maintenance type, I know I may not remember when I opened it, when it expires and replace immediately. I used my last liquid liner (from the body shop) like a couple years. Although it did not change consistency or so, I had to make up my mind and toss it away. I don't want to invite any danger to my eyes. 

I also am lazy enough to live without eye makeup often. Every time I opened the bottle, I kinda think of how tiny creatures may be growing their world in that dark, enclosed and moisture rich environment. Anyway, most eyeliner formulae may be made to repel bacteria if I take the world optimistically. 

Every time I tossed away a liquid liner, I felt wasted because I couldn't see inside. It would be the stingy side of me. And the soft brush doesn't get cleaned? Maybe, for gel liners, the brush can be cleaned, but they feel messier as well. None gel liner has been given a chance yet. Just because I think it would dry slower then liquid and get smudged away. 

In short, I decided to go for pencil. Pencil can be sharpened anew, cleaner and dryer (in my thoughts) and I can also see when i need a new one. Unlike the little brushes, sharpening it regularly makes hygienic feel. 

I have big blinking habit and my eyelids are folded. These double lids can double the eyeliner sometimes, when I blinked unconsciously before the liner dried.  Very careful and near closed up line must dry before I blink. Should pencil eyeliner be easier on my lids! 

I bought the pencil eyeliner (carbon eye definer) also from the body shop. The shopkeeper recommended the softer one and I bought it thinking smoother better. It has a smudger on other end, looks easier to clean up mistakes. It has reasonably smooth texture. 

On the first try and in a while, it melted around my eyes like I was ready for the Halloween. Felt disappointed. The liquid one did not melt or smudg once it dried, although it required much patience to apply without blinking. However, somehow I felt the methods was wrong. I shouldn't have applied the way I did with liquid liner, generously on the whole lash line. 

The magic quote " a little goes long way". I sharpened the pencil neat and applied only on top of the lashes without wings or elongation tails. A few dots and using the power of smudger, it created very natural look, closer line to the lashes. I felt relief. After three- four trials, I've gotten it better. Must be careful not to exceed than necessary. 

Black mascara makes the lashes fuller and it looks suitable for casual events already. For daily wear, with clear gel mascara, I felt complete. I also tried the pencil on brows, and of course, it should be smudged for even look, it is going well. Thus, these two are on the list of minimalist eye makeup. 

I hold the pencil horizontal and parallel to the lash line, still thinking it might poke because the last time I was too convenient with the soft tip brush. I still hope to get back with the liquid/ or start learning the gel liner for more dramatic eyes. Only a maybe. 


:: This is not a review, I'm just sharing my thoughts and experience. My recommendation or disapproval won't make any difference as I'm not a make up guru. 
::: Every one has different skin and different features and uniquely beautiful. 

Wednesday, February 18, 2015

Happy CNY Goat new year

This year, according to Chinese lunar calendar, they call it Goat or some call it Sheep.
The zodiac character is same as my dear hubby. He is an earth goat.
I just read all good things about boat year borns from this  http://www.chinahighlights.com/travelguide/chinese-zodiac/goat.asp website.

Every human being born into this world has good characters and fortune really.
I used to read too much in zodiac traits and believed whatever were said. It was a fun and silly experience using numbers and calendars in judging one's life. I used to do this back in the funny days. I feel so matured now.

It is still a long way to come around my zodiac year, Ox. However, time keeps moving. I should be aware that future is slowly coming into life whether I am ready or not. One can never stop the dawn of tomorrow. I must learn to move forward along.

Sunday, February 1, 2015

My way to blog in Unicode

website မှာ ယူနီကုဒ်ဖောင့် ထည့်ချင်ရင် .. မြန်မာယူနီကုဒ် built in မပါသေးတဲ့စက်တွေကနေ ကြည့်လို့ရစေချင်ရင် .. http://mmwebfonts.comquas.com/ မှာ ပေးထားတာတွေကို သုံးလို့ရပါတယ်။
For new bloggers - blogspot.com template ထဲမှာ ဘယ်လိုသွားထည့်လဲ ရေးကြည့်ပါဦးမယ်။

 MMWebFonts ကနေ သုံးချင်တဲ့ဖောင့်တစ်မျိုး ရွေးလိုက်ရင် သုံးရမယ့် ကုဒ်လေးတွေ ထွက်လာပါတယ်။ example - Myanmar3 ကို သုံးပါတယ်။ သူ့မှာပြထားတဲ့ထဲက ကြိုက်တဲ့ ယူနီကုဒ်ဖောင့်ကို သုံးနိုင်ပါတယ်။ တချို့ဖောင့်တွေက လူသုံးများပေမဲ့ ယူနီကုဒ်စံကို လိုက်နာမထားပါဘူး။ သူ့မှာပြထားတဲ့ထဲက ယူနီကုဒ်စံ လိုက်နာတဲ့ ဖောင့်တွေပါ။
Myanmar3 (Myanmar NLP)
MyMyanmar Universal Font (MyMyanmar)
Masterpiece Uni Sans (Masterpiece Uni Sans)
Yunghkio (Sai Di)
Padauk (thanlwinsoft)
Mon3 Anonta 1 (mon2uni)
Ours-Unicode (Shan Font)

စစချင်း CSS ကနေ import လုပ်ပါမယ် ... MMWebFonts ကနေ ဖောင့်တစ်ခုကိုရွေးပါ..
သက်ဆိုင်ရာ ကုဒ်တွေ ပေါ်လာမယ်။
 
 




@import ခလုတ်နှိပ်လိုက်ရင် ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး

Blogger ရဲ့ Template ကိုသွား > Customize ကို နှိပ်ပါ Advanced ဆိုတဲ့ မီနူးကနေ CSS ကို ထပ်ရွေးပါ ..
 





ပေါ်လာတဲ့ အကွက်လေးထဲ စောစောက ကူးလာတာ ထည့်ပါ။ Apply to Blog လုပ်ပါ။


ပြီးရင် MMWebFonts ကို ပြန်သွား Standard ခလုတ်ကို နှိပ်ပါ ။



 

  ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး Blogger ရဲ့ Template ကိုသွား Edit HTML ကို နှိပ်ပါ။










 ပြီးရင် head လေးရဲ့ အပေါ်မှာ ကူးထည့်လိုက်ပါ။
 အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။


 b:skin ကို လိုက်ရှာပြီး သူ့ဘေးက မြားလေးကို နှိပ်လိုက်ရင် /* Variable definitions ဆိုတဲ့အပိုင်းကို မြင်ရပါမယ်။

 Control F (Mac မှာဆို Command F) ကို နှိပ် - font လို့ ရိုက်ထည့်လိုက်ပါ။
Default font နေရာတွေကို လိုက်ရှာပြီး ကိုယ်သုံးချင်တဲ့ဖောင့် (ဥပမာ - Myanmar3) ကို သွားထည့်လို့ရပါတယ်။



 ပြီးရင် CSS ကနေပဲ ဆက်ပြင်ပါမယ်။ MMWebFonts ထဲမှာ Font Family လို့ ပြထားတဲ့အောက်က ကုဒ်လေးကို ကူးယူပါ။

/* Content ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ဘလော့ရဲ့ စာကိုယ်တွေ ခေါင်းစဉ်တွေ ဆိုက်ဘား (ဘေးဘက်တန်းကနေရာ) စတဲ့ တန်ဆာပလာ(Widgets) တွေမှာ ပါတဲ့ ဖောင့်ကို အမှန်မြင်ရအောင် Font Family သွားထည့်ပေးထားပါမယ်။
 body { ရယ် .Header h1 { ရယ် စသဖြင့် font: ဆိုပြီး ဖောင့်သုံးမယ့်နေရာ လို့ ပြထားတိုင်းမှာ ဖောင့်အောက်ကနေ ဖောင့်အမျိုးအစား Font Family သွားပေးထားမယ်။



 ဖောင့်အမျိုးအစား ကြေညာဖို့ လိုတယ်ထင်တဲ့ နေရာတွေမှာ လိုက်ထည့်လိုက်တာပါ။

 အားလုံးပြီးရင် အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။

ခုလောက်ဆို အားလုံးအဆင်ပြေပြေ ဖတ်လို့ရပါပြီ။

 အရမ်းသိကျွမ်းတာတော့ မဟုတ်ပါဘူး .. ဘလော့ထဲက ယူနီကုဒ်စာကို ဘယ်စက်ကနေ ဘယ်ဘရောက်ဇာကနေ မဆို ကြည့်လို့ရအောင် ကြိုးစားထားတာပါ။

Sunday, January 25, 2015

ဓာတ်လှေကား - The Lift

ဓာတ်လှေကားနားမှာဖြစ်နေတော့ အသံတွေ ကြားရတယ်။ အောက်ဆင်းမယ့်သူတွေ လာတယ်.. ဓာတ်လှေကားခေါ်ပါ ခလုတ်နှိပ်လိုက် တဲ့ တစ်ယောက်က လှမ်းအော်တယ်။ ခလုတ်နှိပ် သံကြား − အပေါ်ကိုပြထားတဲ့ ခလုတ်ကို နှိပ်တယ်ထင်တယ်.. တစ်ယောက်က ထပ်ပြောတယ်− အောက်ဆင်းတဲ့ခလုတ် နှိပ်လေ .. ပြန်ပြော − အပေါ်တက်ခလုတ်နှိပ်မှ ဓာတ်လှေကားက အပေါ်တက်လာမှာပေါ့ တဲ့ .. လူကြီးမို့ ကြောက်ကြတာလာမသိ။ ဘယ်သူမှ ဘာမှထပ်မပြော ဓာတ်လှေကားထဲ ဝင်သွားကြတယ်။ လှမ်းကြည့်လိုက်တော့ ဓာတ်လှေကား အပေါ်ဆက်တက်သွား ... အဲ့လိုလူတွေအတွက် ကာစတန်မာဖရန်းလိ ဖြစ်တဲ့ ဓာတ်လှေကား ထွင်ချင်မလားလို့ပါ။

Wednesday, October 8, 2014

Yoghurt & baby

သမီးလ​ေး ဒိန်ချဉ်သိပ်ကြိုက်တယ်။ ဆရာဝန်က ကလ​ေးက မိခင်နို့ကန​​ေ အပြင်စာစကျွ​​ေးရင် fruit puree အသီးကို ညက်အ​ောင်ချ​ေထားတာမျိုး စကျွ​ေးဖို့ အကြံပ​ေးခဲ့ပါတယ်။ ပြီးတ​ော့ cereal powder ကလ​ေးထမင်းမှုန့်နဲ့ ဆက်ကျွ​ေးခိုင်းပါတယ်။ ဆိုတ​ော့ သမီးက သူပထမဆုံးစားတဲ့ သစ်သီးအရသာချဉ်ချိုလ​ေးတွ​ေ ကြိုက်လာတယ်။ ကလ​ေးသ​ောက်တဲ့ အသီးအနှံဒိန်ချဉ်ဆို ကုန်သွားတာတ​ောင် ဘူးလ​ေးတကိုင်ကိုင်နဲ့ လျှ​ောက်သွားန​ေတာတို့၊ အမှိုက်ပုံးထဲကန​ေ လိုက်ပြန်ရှာတာတို့ လုပ်တတ်တယ်။ န​ောက်တ​ော့ ဒိန်ချဉ်ဘူးထားတဲ့ န​ေရာ သိသွားပြီး လိုက်တ​ောင်းတတ်သ​ေးတယ်။ တစ်န​ေ့တစ်ဘူးပဲ သ​ောက်ရမယ် လို့ ပြ​ောထားတာကို နားလည်လာတယ်။ အစကဆို သူသ​ောက်ပြီးတဲ့ဘူးကို ကုန်မှန်းသိရက်နဲ့ လွှင့်ပစ်လိုက်ရင် ငိုသ​ေးတယ်။ ငှက်ပျ​ောအလုံးလိုက် ကျွ​ေးခါစကလည်း အခွံပစ်ရင် ငိုရှာတယ်။ ပန်းကန်နဲ့ကျွ​ေးတုန်းက သူအကုန်စားပြီးရင် ပန်းကန်ကျန်န​ေတာကိုး။ ဒီန​ေ့မနက်တ​ော့ ဒိန်ချဉ်သ​ောက်ပြီး ဘူးခွံကို တာ့တာဘိုင့်ဘိုင်လုပ်တယ်။ သ​ောက်လို့ကုန်ရင် လွှင့်ပစ်ရတာကို လက်ခံတတ်ပြီ။ ကလ​ေးကို ဒိန်ချဉ်ပ​ေးတဲ့အခါ သူ့ဗိုက်ထဲ အစာနည်းတယ်ထင်ရင် rice rusks or biscuits တစ်ခုခုနဲ့ ကျွ​ေးပါတယ်။ ကလ​ေးကတ​ော့ အရည်ပိုသ​ောက်ချင်တာပ​ေမဲ့ အစာလည်းစားဖို့လိုမှန်း နားလည်လွယ်ပါတယ်။ ကလ​ေးကို နို့မှုန့်ဖြစ်ဖြစ် မိခင်နို့ဖြစ်ဖြစ် တိုက်ပြီးန​ောက်ပိုင်းမှာ နွားနို့တန်းမတိုက်ခင် အစာအိမ်ဖွံ့ဖြိုးဖို့ စ​ောင့်ဖို့လိုတယ် လို့ ပြ​ောကြပါတယ်။ ဒိန်ချဉ်ကန​ေ စတိုက်ကျွ​ေးလို့ ရတယ်။ အများကြီး တစ်ခါတည်းပ​ေးတာမျိုး မဟုတ်ရင် ရပါပြီ။ ကလ​ေး တစ်နှစ်ပြည့်ပြီးန​ောက်ပိုင်း လူကြီးစားတာ ဖြည်းဖြည်းချင်း ကျ​ွေးခဲ့တယ်။ တစ်ပတ်တစ်ခါ၊ န​ောက် သုံးလ​ေးရက်တစ်ခါ အစာသစ်ကျွ​ေးခဲ့တယ်။ တခါတလ​ေ ဝမ်းပျ​ော့တာ အစာသစ်စားခါစ ကလ​ေးတွက် ပုံမှန်ပါပဲ။ ဒီလိုပဲ တဖြည်းဖြည်း လူလားမြ​ောက်လာမှာပါ။ မိခင်နို့ တိုက်ရတဲ့ မွ​ေးစကန​ခြေ​ောက်လအရွယ်မှာ မိခင်နှစ်သက်တဲ့အရသာပါတဲ့အစားအစာ အာဟာရလည်းပြည့်တဲ့ အစားအစာတွ​ေ များများစားပ​ေးရင် ကလ​ေးဟာ မိသားစုစားလ​ေ့ရှိတဲ့ အစာမျိုးကို အလွယ်တကူစားနိုင်လာလိမ့်မယ်။ အစာရွ​ေးတာ အတူတူမစားချင်တာတွ​ေ ပိုနည်းမယ်လို့ ဒီကဆရာဝန်တွ​ေ၊ ဆရာမတွ​ေ ပြ​ောကြပါတယ်။ သမီးလ​ေးဟာ အစားအသ​ောက် ခံတွင်းတွ​ေ့လွယ်တယ်။ ပီပီပြင်ပြင်စားတယ်။ ငယ်သ​ေးတ​ော့ တိုးတက်မှုအကုန် မသိနိုင်သ​ေးပ​ေ။မဲ့ ကျန်းကျန်းမာမာ ပြ​ေးလွှားကစားနိုင်ပါတယ်။ ရ​ောင်စုံတွ​ေနဲ့လည်း အိမ်အနှံ့ လျှ​ောက်ရ​ေးခြစ်မှု စတင်န​ေပါပြီ။ Note: This is a tag post featured by Ma Baydar. You can read more through this link - http://mabaydar.blogspot.sg/2014/09/introduction-to-helping-hands-of-tp.html And you are tagged! Any reader who has something in mind to write can continue this. Thank you very much ^_^

Sunday, August 31, 2014

23

သားအမိနှစ်ယောက် မိုင်လီဆိုင်ရပ်စ် ရဲ့ ၂၃ သီချင်းကို နားထောင်ဖြစ်ခဲ့တယ်။ သီချင်းစာသားတွေဘာတွေ သမီးလေး နားမလည်သေးပါဘူး။ ဘောလုံးလေး လိမ့်လာတာရယ် သံစဉ်လေးမြူးတာရယ်ကို သဘောကျတာပဲ နေမှာပါ။ ကျောင်းသားလေးတွေ ကျောင်းအုပ်ရုံးခန်းထဲဝင်ပြီး သီချင်းလွှင့်တာ ရယ်စရာကောင်းတယ်။ သမီးဖိနပ်အရွယ် နံပါတ် ၂၃ ဖြစ်လာပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က ဖိနပ်စဝယ်ဖြစ်တာ နံပါတ် ၂၁။ ပထမဆုံးဝယ်တဲ့ အဝတ်ဖိနပ်လေးကတော့ ပစ်လိုက်ရပြီ။ ကောင်းကောင်းမွန်မွန် သွားနိုင်လာနိုင် ပြေးနိုင်လွှားနိုင်ပါပဲ။ အဝတ်ဖိနပ်ကနေ နံပါတ် ၂၁ ကို စစီးကတည်းက အသံမြည်တာကလွဲလို့ ကလေးနဲ့ဖိနပ်နဲ့ အဆင်ပြေပါတယ်။ အသံမြည်တာကိုတော့ လေထွက်ပေါက်မှာ ကော်နည်းနည်းထည့်ပိတ်ပေးထားတယ်။ အသံလုံးဝပိတ်မသွားပေမဲ့ သူကျေနပ်လောက်အောင် အသံတိုးသွားတယ်။ အသံလေးကြားနေရတော့လည်း သူဘယ်နားလျှောက်သွားသလဲ မှန်းသိရတာပေါ့။ ဖိနပ်နဲ့ လမ်းကောင်းကောင်း လျှောက်တတ်နေပါပြီ။ ဖိနပ်ဝယ်ရတာ တန်ပါတယ်။

Wednesday, April 16, 2014

Baby shoes


  
ပထမခြေလှမ်းအတွက် ဖိနပ်တွေဟာ ပျော်ရွှင်ခြင်းပဲ ဖြစ်သင့်တယ်။
ခြေဖဝါးလေးတွေကို ကာကွယ်ဖို့ ဖိနပ်လိုအပ်သလို လမ်းကောင်းကောင်း လျှောက်နိုင်ဖို့ သန်မာဖွံ့ဖြိုးတဲ့ ခြေထောက်တွေလိုတယ်။ 
အောင်မြင်စွာ မတ်တပ်ရပ်မယ်။ လှမ်းမယ်။ လျှောက်မယ်။ ဖိနပ်စစီးမယ်။ မပြေးနိုင်သေးခင် ခြေထောက်လေးတွေကို ကာကွယ်ဖို့လိုကြောင်း သင်ပေးရမယ်။ 
သန့်ရှင်းကျန်းမာတဲ့ ခြေထောက်လေးတွေဟာ လှပဖို့လည်း လိုတာပေါ့။ 
ဖိနပ်စီးထားရတာ ပေါ့ပါးသက်သာနေတယ်၊ စီးထားရတာကို ကျေနပ်တယ်ဆိုမှ အဲဒီဖိနပ် တကယ်လှတယ်။ သွားချင်တဲ့ခရီးကို ချောမွေ့စွာ လျှောက်လှမ်းနိုင်လိမ့်မယ်။   

Thursday, February 27, 2014

Chocolate

 ချောကလက်
တခါတလေ ကလေးက ချောကလက် ချောကလက် ဟု ပြောပြောနေတတ်သည်။ တစ်ခါ လူကိုကြည့်ပြီး ဟေး ချောကလက် ဟု ဆိုသည်။ ဘာလို့ ခေါ်မှန်း မသိလိုက်ပါ။
ချောကလက် မကျွေးဖူးသေး၊ ကလေးငယ်သေးသည်။ 
ဒီနေ့ နေ့လည်ကမှ လမ်းသွားရင်း သူက တစ်နေရာကို ကြည့်ပြီး ချောကလက် ချောကလက် ဟု ပြောသည်။ ကြောင်တစ်ကောင် တွေ့ပါသည်။

ကလေးက ကြောင်ကလေး ကြောင်ကလေး ဟု ခေါ်နေတာ ဖြစ်ပါသည်။ 
တခါတရံ လူကို ခေါင်းလေးဖြင့် ပွတ်ကာခွေ့ကာ ချွဲတတ်သောကြောင့် ကြောင်ကလေး ဟု ချစ်စနိုး ခေါ်မိသည်။ 
သူနဲ့ကျမှ ကြောင်ကလေး ချောကလက် ဖြစ်သွားရရှာသည်။  

Saturday, February 15, 2014

One at a time

As a woman, I have many beauty interests in mind. As a mother of a toddler, I couldn't meet all peculiar schedules, even daily beauty regime cannot be a regular routine. My sleeping schedule also changes along with the shifts of my baby's sleeping pattern.

Far from enough sleep, and facial -skincare - etc, meals are taken in a rush. No bragging or fretting, but being full time housewife changed all my life. I wasn't a very strict at doing beauty regime, however, spare time for a scrub or mask is very sacred nowadays. I have to rush having meals, brushing teeth, washing face and having shower .. All in high speed.

I'm having fun being with my little dear. Her anxiety of separation is adorable in a way. She dislikes being left in playpen when I do chores. She has started crawling around to follow me in the house. So I need to reduce my skincare time, to ensure more sense of security for the little one.

I keep daily make up minimum as I stay home, try to use more reliable and natural products. Nowadays, my facial routine includes - washing face, - eye cream, - facial oil and - lip care. Sometimes, I just dab facial oil onto my lips. Sometimes, nothing but clean face.

Lucky and being grateful for not having dry skin, I could live with shiny tzone time to time. I have other priorities than to have pixel perfect skin. As you could see from my beauty log, I always wanted to own this and that better products for my skin but learning to live with minimal and only essential steps.

I may require to achieve flawless skin one day, and I don't oppose to the idea of perusing better looking skin, I try my best to clean and moisturize twice as the days goes by.

My skincare reg :
Clean my face with either
- Nivea facial foam or
- The Body Shop vitamin C polish.
Moisturize with
- The Body Shop vitamin E eye cream
- The Body Shop vitamin E facial oil
- The Body Shop pink grapefruit lipgloss

That's all for now.

Wednesday, February 5, 2014

10th month experience

Being a mother less than a year, life has taught me to accept that I have so much more to learn. 
From birth, one has never stopped learning. Education gave me a thought that by the time a level of curriculums is over, I could relax. Of course, I should never relax from learning. 
Learn to study, learn to face exams, learn to enjoy life, reward myself, recharge for next new thing. I was lagging in latter part. For 25 years, never had a thought that taking a break to looking around is nothing of slacking. 
Human is not rocket, not meant to shoot all the way straight to the target without looking back or around the environment. We need to take time to verify the target, or to update the target if necessary. Sometimes, the target also can change itself and we could only accept what we have. 
Still learning to face everyday challenges. Learning to keep track of long term goals. Learning to appreciate milestones. Learning to be aware of any debris on the way. Learning to live a life and nurture another life. Learning to love. 
I wish to be able to love much more in the future than I could today. 
Yes, I could ask for more.