Pages

Showing posts with label About. Show all posts
Showing posts with label About. Show all posts

Sunday, February 1, 2015

My way to blog in Unicode

website မှာ ယူနီကုဒ်ဖောင့် ထည့်ချင်ရင် .. မြန်မာယူနီကုဒ် built in မပါသေးတဲ့စက်တွေကနေ ကြည့်လို့ရစေချင်ရင် .. http://mmwebfonts.comquas.com/ မှာ ပေးထားတာတွေကို သုံးလို့ရပါတယ်။
For new bloggers - blogspot.com template ထဲမှာ ဘယ်လိုသွားထည့်လဲ ရေးကြည့်ပါဦးမယ်။

 MMWebFonts ကနေ သုံးချင်တဲ့ဖောင့်တစ်မျိုး ရွေးလိုက်ရင် သုံးရမယ့် ကုဒ်လေးတွေ ထွက်လာပါတယ်။ example - Myanmar3 ကို သုံးပါတယ်။ သူ့မှာပြထားတဲ့ထဲက ကြိုက်တဲ့ ယူနီကုဒ်ဖောင့်ကို သုံးနိုင်ပါတယ်။ တချို့ဖောင့်တွေက လူသုံးများပေမဲ့ ယူနီကုဒ်စံကို လိုက်နာမထားပါဘူး။ သူ့မှာပြထားတဲ့ထဲက ယူနီကုဒ်စံ လိုက်နာတဲ့ ဖောင့်တွေပါ။
Myanmar3 (Myanmar NLP)
MyMyanmar Universal Font (MyMyanmar)
Masterpiece Uni Sans (Masterpiece Uni Sans)
Yunghkio (Sai Di)
Padauk (thanlwinsoft)
Mon3 Anonta 1 (mon2uni)
Ours-Unicode (Shan Font)

စစချင်း CSS ကနေ import လုပ်ပါမယ် ... MMWebFonts ကနေ ဖောင့်တစ်ခုကိုရွေးပါ..
သက်ဆိုင်ရာ ကုဒ်တွေ ပေါ်လာမယ်။
 
 




@import ခလုတ်နှိပ်လိုက်ရင် ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး

Blogger ရဲ့ Template ကိုသွား > Customize ကို နှိပ်ပါ Advanced ဆိုတဲ့ မီနူးကနေ CSS ကို ထပ်ရွေးပါ ..
 





ပေါ်လာတဲ့ အကွက်လေးထဲ စောစောက ကူးလာတာ ထည့်ပါ။ Apply to Blog လုပ်ပါ။


ပြီးရင် MMWebFonts ကို ပြန်သွား Standard ခလုတ်ကို နှိပ်ပါ ။



 

  ပေါ်လာတဲ့ ကုဒ်လေးကို ကူးပြီး Blogger ရဲ့ Template ကိုသွား Edit HTML ကို နှိပ်ပါ။










 ပြီးရင် head လေးရဲ့ အပေါ်မှာ ကူးထည့်လိုက်ပါ။
 အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။


 b:skin ကို လိုက်ရှာပြီး သူ့ဘေးက မြားလေးကို နှိပ်လိုက်ရင် /* Variable definitions ဆိုတဲ့အပိုင်းကို မြင်ရပါမယ်။

 Control F (Mac မှာဆို Command F) ကို နှိပ် - font လို့ ရိုက်ထည့်လိုက်ပါ။
Default font နေရာတွေကို လိုက်ရှာပြီး ကိုယ်သုံးချင်တဲ့ဖောင့် (ဥပမာ - Myanmar3) ကို သွားထည့်လို့ရပါတယ်။



 ပြီးရင် CSS ကနေပဲ ဆက်ပြင်ပါမယ်။ MMWebFonts ထဲမှာ Font Family လို့ ပြထားတဲ့အောက်က ကုဒ်လေးကို ကူးယူပါ။

/* Content ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ့်ဘလော့ရဲ့ စာကိုယ်တွေ ခေါင်းစဉ်တွေ ဆိုက်ဘား (ဘေးဘက်တန်းကနေရာ) စတဲ့ တန်ဆာပလာ(Widgets) တွေမှာ ပါတဲ့ ဖောင့်ကို အမှန်မြင်ရအောင် Font Family သွားထည့်ပေးထားပါမယ်။
 body { ရယ် .Header h1 { ရယ် စသဖြင့် font: ဆိုပြီး ဖောင့်သုံးမယ့်နေရာ လို့ ပြထားတိုင်းမှာ ဖောင့်အောက်ကနေ ဖောင့်အမျိုးအစား Font Family သွားပေးထားမယ်။



 ဖောင့်အမျိုးအစား ကြေညာဖို့ လိုတယ်ထင်တဲ့ နေရာတွေမှာ လိုက်ထည့်လိုက်တာပါ။

 အားလုံးပြီးရင် အပေါ်ဘက်နားမှာ ပြထားတဲ့ "Save template " ခလုတ်လေးကို မမေ့မလျော့ နှိပ်ပါ။

ခုလောက်ဆို အားလုံးအဆင်ပြေပြေ ဖတ်လို့ရပါပြီ။

 အရမ်းသိကျွမ်းတာတော့ မဟုတ်ပါဘူး .. ဘလော့ထဲက ယူနီကုဒ်စာကို ဘယ်စက်ကနေ ဘယ်ဘရောက်ဇာကနေ မဆို ကြည့်လို့ရအောင် ကြိုးစားထားတာပါ။

Saturday, August 31, 2013

to post

စာရေးပါမည်။ 
 Simply to share my experience, gratitude, imagination, knowledge, memoirs, opinions, etc..

future's present

အနာဂါတ်လက်ဆောင် 

 စိတ်ကူးသက်သက်လို့ ထင်ရတဲ့ အနာဂါတ်ဟာ ပစ္စုပ္ပာန် ဆီကို တဖြည်းဖြည်းဖြစ်စေ၊ ဗြုန်းစားကြီးဖြစ်စေ ရောက်လာလိမ့်မယ်။ 
 ပိုမိုသာယာတဲ့ ပစ္စုပ္ပာန်မှာ နေထိုင်နိုင်ဖို့အတွက် မရောက်သေးတဲ့ အနာဂါတ်ကို ကြည့်မျှော်တတ်ဖို့ လိုအပ်ပါတယ်။  
 တကယ်တော့ အနာဂါတ်ကို မှန်းဆပုံဖော်ရင်း ပစ္စုပ္ပာန်တွေ အဆင့်ဆင့် ဖြစ်လာရတာလို့ ယူဆနိုင်ပါတယ်။ ပစ္စုပ္ပာန်တည့်တည့်မှာ နေသာသလိုနေရင် ဘယ်လိုကျန်ခဲ့မှန်းမသိတဲ့ အတိတ်တွေချည်းပဲ ဖြစ်သွားနိုင်တယ်။ စိတ်ကူးဆန္ဒရေးရေးလေးတွေကို အနာဂါတ်ထဲကနေ ဆွဲထုတ်ပုံဖော်ရင်း တိုးတက်ဖွံ့ဖြိုးလာတဲ့ ပစ္စုပ္ပာန်ဟာ ပိုပြီးနေပျော်ပါလိမ့်မယ်။ 

 ဒါကြောင့် လက်ရှိ ပစ္စုပ္ပာန်ထက် ပြည့်စုံတဲ့ အနာဂါတ်အတွက် ဆုတောင်းဆန္ဒတွေ ပြုကြတယ်။ အနည်းဆုံးတော့ အဆင်ပြေချောမွေ့မယ့် မနက်ဖန်တွေအတွက် အစီအစဉ်တွေ ချရတယ်။ လှမ်းရမယ့် ခြေလှမ်းတွေ ခလုတ်မထိဘဲ လိုရာရောက်ဖို့ ရည်မှန်းတတ်ကြရတယ်။

 ပစ္စုပ္ပာန်ကို အာရုံစိုက်ရတယ် ဆိုရာမှာ လက်ရှိရောက်နေတဲ့ ပစ္စုပ္ပာန်ရော လက်ပေါ်ရောက်လာမယ့် ပစ္စုပ္ပာန်အလောင်းအလျာ အနာဂါတ်အတွက်ပါဖြစ်တယ်။ 

 အနာဂါတ်ကောင်းတဲ့ ပစ္စုပ္ပာန်မှသာ ငြိမ်းချမ်းသာယာဖို့ အင်အားအပြည့်ရှိမှာဖြစ်တယ်။ 

" Must have hope for future and work for it so that present days will become more lively and lovely."