Pages

Thursday, September 5, 2013

Enhancing

တိုးတက်မှု
အချစ် (ချစ်ခြင်းမေတ္တာ) ဆိုတဲ့အရာသည် အကျိုးရှိမှုကို လိုလားခြင်းဖြစ်တယ်။ တစ်စုံတစ်ဦးကို ချစ်တယ်၊ သို့မဟုတ် မေတ္တာပို့တယ် ဆိုရာမှာ လက်ရှိပိုင်ဆိုင်ပြီး ကောင်းခြင်းမင်္ဂလာတွေ ပိုမိုတိုးတက်စေကြောင်း စိတ်ညွှတ်ဆုတောင်းမှု ဖြစ်ပါတယ်။ 


" Love is the energy to improve the ability of imagination, essential part of present days."

Saturday, August 31, 2013

to post

စာရေးပါမည်။ 
 Simply to share my experience, gratitude, imagination, knowledge, memoirs, opinions, etc..

future's present

အနာဂါတ်လက်ဆောင် 

 စိတ်ကူးသက်သက်လို့ ထင်ရတဲ့ အနာဂါတ်ဟာ ပစ္စုပ္ပာန် ဆီကို တဖြည်းဖြည်းဖြစ်စေ၊ ဗြုန်းစားကြီးဖြစ်စေ ရောက်လာလိမ့်မယ်။ 
 ပိုမိုသာယာတဲ့ ပစ္စုပ္ပာန်မှာ နေထိုင်နိုင်ဖို့အတွက် မရောက်သေးတဲ့ အနာဂါတ်ကို ကြည့်မျှော်တတ်ဖို့ လိုအပ်ပါတယ်။  
 တကယ်တော့ အနာဂါတ်ကို မှန်းဆပုံဖော်ရင်း ပစ္စုပ္ပာန်တွေ အဆင့်ဆင့် ဖြစ်လာရတာလို့ ယူဆနိုင်ပါတယ်။ ပစ္စုပ္ပာန်တည့်တည့်မှာ နေသာသလိုနေရင် ဘယ်လိုကျန်ခဲ့မှန်းမသိတဲ့ အတိတ်တွေချည်းပဲ ဖြစ်သွားနိုင်တယ်။ စိတ်ကူးဆန္ဒရေးရေးလေးတွေကို အနာဂါတ်ထဲကနေ ဆွဲထုတ်ပုံဖော်ရင်း တိုးတက်ဖွံ့ဖြိုးလာတဲ့ ပစ္စုပ္ပာန်ဟာ ပိုပြီးနေပျော်ပါလိမ့်မယ်။ 

 ဒါကြောင့် လက်ရှိ ပစ္စုပ္ပာန်ထက် ပြည့်စုံတဲ့ အနာဂါတ်အတွက် ဆုတောင်းဆန္ဒတွေ ပြုကြတယ်။ အနည်းဆုံးတော့ အဆင်ပြေချောမွေ့မယ့် မနက်ဖန်တွေအတွက် အစီအစဉ်တွေ ချရတယ်။ လှမ်းရမယ့် ခြေလှမ်းတွေ ခလုတ်မထိဘဲ လိုရာရောက်ဖို့ ရည်မှန်းတတ်ကြရတယ်။

 ပစ္စုပ္ပာန်ကို အာရုံစိုက်ရတယ် ဆိုရာမှာ လက်ရှိရောက်နေတဲ့ ပစ္စုပ္ပာန်ရော လက်ပေါ်ရောက်လာမယ့် ပစ္စုပ္ပာန်အလောင်းအလျာ အနာဂါတ်အတွက်ပါဖြစ်တယ်။ 

 အနာဂါတ်ကောင်းတဲ့ ပစ္စုပ္ပာန်မှသာ ငြိမ်းချမ်းသာယာဖို့ အင်အားအပြည့်ရှိမှာဖြစ်တယ်။ 

" Must have hope for future and work for it so that present days will become more lively and lovely."