Wednesday, October 8, 2014
Yoghurt & baby
သမီးလေး ဒိန်ချဉ်သိပ်ကြိုက်တယ်။ ဆရာဝန်က ကလေးက မိခင်နို့ကနေ အပြင်စာစကျွေးရင် fruit puree အသီးကို ညက်အောင်ချေထားတာမျိုး စကျွေးဖို့ အကြံပေးခဲ့ပါတယ်။ ပြီးတော့ cereal powder ကလေးထမင်းမှုန့်နဲ့ ဆက်ကျွေးခိုင်းပါတယ်။ ဆိုတော့ သမီးက သူပထမဆုံးစားတဲ့ သစ်သီးအရသာချဉ်ချိုလေးတွေ ကြိုက်လာတယ်။ ကလေးသောက်တဲ့ အသီးအနှံဒိန်ချဉ်ဆို ကုန်သွားတာတောင် ဘူးလေးတကိုင်ကိုင်နဲ့ လျှောက်သွားနေတာတို့၊ အမှိုက်ပုံးထဲကနေ လိုက်ပြန်ရှာတာတို့ လုပ်တတ်တယ်။ နောက်တော့ ဒိန်ချဉ်ဘူးထားတဲ့ နေရာ သိသွားပြီး လိုက်တောင်းတတ်သေးတယ်။ တစ်နေ့တစ်ဘူးပဲ သောက်ရမယ် လို့ ပြောထားတာကို နားလည်လာတယ်။
အစကဆို သူသောက်ပြီးတဲ့ဘူးကို ကုန်မှန်းသိရက်နဲ့ လွှင့်ပစ်လိုက်ရင် ငိုသေးတယ်။ ငှက်ပျောအလုံးလိုက် ကျွေးခါစကလည်း အခွံပစ်ရင် ငိုရှာတယ်။ ပန်းကန်နဲ့ကျွေးတုန်းက သူအကုန်စားပြီးရင် ပန်းကန်ကျန်နေတာကိုး။
ဒီနေ့မနက်တော့ ဒိန်ချဉ်သောက်ပြီး ဘူးခွံကို တာ့တာဘိုင့်ဘိုင်လုပ်တယ်။ သောက်လို့ကုန်ရင် လွှင့်ပစ်ရတာကို လက်ခံတတ်ပြီ။ ကလေးကို ဒိန်ချဉ်ပေးတဲ့အခါ သူ့ဗိုက်ထဲ အစာနည်းတယ်ထင်ရင် rice rusks or biscuits တစ်ခုခုနဲ့ ကျွေးပါတယ်။ ကလေးကတော့ အရည်ပိုသောက်ချင်တာပေမဲ့ အစာလည်းစားဖို့လိုမှန်း နားလည်လွယ်ပါတယ်။
ကလေးကို နို့မှုန့်ဖြစ်ဖြစ် မိခင်နို့ဖြစ်ဖြစ် တိုက်ပြီးနောက်ပိုင်းမှာ နွားနို့တန်းမတိုက်ခင် အစာအိမ်ဖွံ့ဖြိုးဖို့ စောင့်ဖို့လိုတယ် လို့ ပြောကြပါတယ်။ ဒိန်ချဉ်ကနေ စတိုက်ကျွေးလို့ ရတယ်။ အများကြီး တစ်ခါတည်းပေးတာမျိုး မဟုတ်ရင် ရပါပြီ။ ကလေး တစ်နှစ်ပြည့်ပြီးနောက်ပိုင်း လူကြီးစားတာ ဖြည်းဖြည်းချင်း ကျွေးခဲ့တယ်။ တစ်ပတ်တစ်ခါ၊ နောက် သုံးလေးရက်တစ်ခါ အစာသစ်ကျွေးခဲ့တယ်။ တခါတလေ ဝမ်းပျော့တာ အစာသစ်စားခါစ ကလေးတွက် ပုံမှန်ပါပဲ။ ဒီလိုပဲ တဖြည်းဖြည်း လူလားမြောက်လာမှာပါ။
မိခင်နို့ တိုက်ရတဲ့ မွေးစကနခြေောက်လအရွယ်မှာ မိခင်နှစ်သက်တဲ့အရသာပါတဲ့အစားအစာ အာဟာရလည်းပြည့်တဲ့ အစားအစာတွေ များများစားပေးရင် ကလေးဟာ မိသားစုစားလေ့ရှိတဲ့ အစာမျိုးကို အလွယ်တကူစားနိုင်လာလိမ့်မယ်။ အစာရွေးတာ အတူတူမစားချင်တာတွေ ပိုနည်းမယ်လို့ ဒီကဆရာဝန်တွေ၊ ဆရာမတွေ ပြောကြပါတယ်။
သမီးလေးဟာ အစားအသောက် ခံတွင်းတွေ့လွယ်တယ်။ ပီပီပြင်ပြင်စားတယ်။ ငယ်သေးတော့ တိုးတက်မှုအကုန် မသိနိုင်သေးပေ။မဲ့ ကျန်းကျန်းမာမာ ပြေးလွှားကစားနိုင်ပါတယ်။ ရောင်စုံတွေနဲ့လည်း အိမ်အနှံ့ လျှောက်ရေးခြစ်မှု စတင်နေပါပြီ။
Note:
This is a tag post featured by Ma Baydar.
You can read more through this link -
http://mabaydar.blogspot.sg/2014/09/introduction-to-helping-hands-of-tp.html
And you are tagged!
Any reader who has something in mind to write can continue this.
Thank you very much ^_^
Subscribe to:
Posts (Atom)